နန္ဒာမညာဂူဘုရား
နန္ဒာမညာဂူဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှိ မင်းနန်သူရွာ၊ သမ္ဘူလဘုရားအနီးတွင် တည်ရှိသည်။ စေတီပေါက်လိုဏ်တစ်ဆင့် ဂူဘုရားဖြစ်ပြီး အေဒီ ၁၃ ရာစုတွင် တည်ထားကိုးကွယ်ခဲ့ကြသည်။ ဘွဲ့အမည်ခေါ်ဆိုပုံနန္ဒာမညာဟူသော စကားသည် အနန္တပညာ ဟူသော စကားမှ ဆင်းသက်လာခြင်း ဖြစ်၏။ အနန္တပညာ၏ အဓိပ္ပာယ်မှာ မြတ်စွာဘုရားသခင်၏ အဆုံးအစမရှိသော ပညာဉာဏ်ဖြစ်သည်။ ပုဂံ အာနန္ဒာဂူဘုရား အမည်နှင့် ဆင်ဆင်ဖြစ်သည်။ ပုဂံနရသီဟပတေ့မင်းလက်ထက် သခင်အနန္တပညာဘွဲ့ရှိသော မဟာထေရ် သီတင်းသုံးရာ ဥမင်တစ်ခုလည်း ထိုအနီးတွင် ရှိသည်။ ထိုဥမင်အတွင်းမှ (၁၈) ဖေဖော်ဝါရီ (၁၂၆၀)[ကိုးကားချက်လိုသည်] ဟု ရေးထိုးထားသည့် ကျောက်စာတွင် "မြတ်ကြီးဥမင် သခင်အနန္တပညာ" ဟူသည့် အမည်ကို တွေ့ရသည်။ ထို မထေရ်ကို အကြောင်းပြု၍ ဥမင်နှင့် ကပ်လျက်တည်ရှိသော ဂူဘုရားကိုလည်း အနန္တပညာဂူဘုရား ဟု ခေါ်ဝေါ်ခဲ့ကြရာမှ ကာလကြာသောအခါ နန္ဒမညာ ဖြစ်လာသည်ဟု ယူဆကြသည်။ ဤဘုရားသည် အရှေ့ဘက်မုခ်လှည့် လိုဏ်ဂူငယ်ဖြစ်၍ အရှေ့ဂူဘုရားဟုလည်း ခေါ်ကြလေသည်။ ဗိသုကာလက်ရာများနန္ဒာမညာဂူသည် အုတ်ခုံပေါ်တွင်ရှိ၍ ဂူသည် အရှေ့ဘက်သို့ မုခ်လှည့်လျက် ပေါင်းကူးအာရုံခံငယ် ရှိသည်။ ဂူအထက်ပစ္စယာများ အပေါ်တွင် စေတီတည်ထားသည်။ (၁၃) ရာစုနှစ်က လက်ရာများ ဖြစ်လေသည်။
ဗုဒ္ဓဝင်မှ မယ်တော် မာယာ သားဖွားခန်း၊ သိဒ္ဓတ္တမင်းသား ဆံတော် ပယ်ခန်း၊ ယမကပြဋိကာပြခန်း စသည်တို့ကို တွေ့ရသည်။ မာရ်နတ်၏ သမီးများအရွယ် အမျိုးမျိုးကို ပုဂံခေတ်အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုအတိုင်း ရေးဆွဲထားသည်။ ပုဂံခေတ် လက်ရာအမြောက်ဆုံး နံရံဆေးရေး ပန်းချီများကို တွေ့နိုင်လေသည်။[၁] ဗြိတိသျှခေတ်က ကျောက်စာဝန်အဖြစ် အမှုထမ်းခဲ့သော ချားဒူရွိုင်ဆဲလ်က ဘုရားသုံးဆူနှင့် နန္ဒမညာ ဂူဘုရားအတွင်းမှ ပန်းချီများသည် အရည်းကြီး ရဟန်းတို့နှင့်လည်းကောင်း၊ တန္တရအယူဝါဒနှင့်လည်းကောင်း သက်ဆိုင်သည်ဟု ယူဆခဲ့သည်။ နန္ဒမညာ ဂူဘုရားအပြင်ဘက် မျက်နှာစာရှိ အင်္ဂတေပန်းတော့ လက်ရာ အနည်းငယ်သာ ကျန်တော့သည်။[ကိုးကားချက်လိုသည်] ကိုးကား
|
Portal di Ensiklopedia Dunia