တောင်ပုံလောကနာထ ဂူဘုရား

  • စေတီပုထိုးအမှတ် = ၃၁၅/၂၈၁

တောင်ပုံလောကနာထ ဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ ဆူးလေကုန်းအစု ဘုရားများမှ အရှေ့တောင်ဘက်အရပ် ရွှေချောင်း (ဝက်ကြီးအင်းချောင်း)၏ မြောက်ဘက်ကမ်း ယာတစ်ခင်းကျော်နေရာ အကွာတွင် တောင်ပုံလောကနာထဂူဘုရား ရှိသည်။ ဤဂူအတွင်း မဏ္ဍိုင်လေးမျက်နှာတွင် အင်္ဂတေပန်းတံကဲများ လှပဆန်းကြယ်စွာရှိ၍ အတွင်းမဏ္ဍိုင် အချိုင့်မုခ်တစ်ခုမှာ အပေါ်ကတောင်ပုံများ အထပ်ထပ်နှင့် ဂူများသဏ္ဌာန်ပြုလုပ်ထားပြီး အောက်အချိုင့်တွင် လောကနာထ ဗောဓိသတ္တအထိုင်ပုံ အကြွင်းအကျန် ရှိလေသည်။ ဤကဲ့သို့ လှပဆန်းကြယ်သော တောင်ပုံ အင်္ဂတေလက်ရာ များရှိသော မုခ်ချိုင့်များမှာ ဤအဆောက်အအုံတစ်ခုတည်း၌သာ ပုဂံဒေသတစ်ဝိုက်သာ ရှိလေသည်။[]

ကိုးကား

  1. ဦးဗိုကေ - ပုဂံသုတေသနလမ်းညွှန်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya