တိုင်းချွတ်ဂူဘုရား

  • စေတီပုထိုးအမှတ် = ၁၉၅၅/၁၂၅၁

တိုင်းချွတ်ဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ ညောင်ဦးဘက်မှ ကားလမ်းအတိုင်း လာခဲ့သော် ပုဂံမြို့သရပါတံခါးသို့ မရောက်မီ လမ်း၏အရှေ့ဘက်တွင်ရှိသော ဘုရားအစုတွင် တိုင်းချွတ်ဂူဘုရားရှိသည်။ ထိုတိုင်းချွတ်ဂူဘုရားမှာ ရှေးဟောင်းသုတေသနဆိုင်ရာတွင် လူသိများခဲ့လေသည်။ အကြောင်းမှာ ၎င်းဂူဘုရားမှ ရှေးဟောင်းကျောက်စာ တစ်ခုတွေ့၍ ယခုအခါ ပုံပြတိုက်တွင် ရှိပြီး ၎င်းကျောက်စာမှာ တိုင်းချွတ်ဘုရားကျောက်စာဟု ပုဂံကျောက်စာဆိုင်ရာ စာအုပ်စာတမ်းများတွင် ပါရှိသောကြောင့် ဖြစ်လေသည်။

တိုင်းချွတ်ဘုရား၏ မြောက်ဘက်လမ်း မြောက်ဘက်တွင် ဂူဘုရားနှစ်ဆူရှိရာ လေးထောင့်တိုက်ဘုရား (၁၉၅၅/၁၂၅၁)တွင် အထွက်ပုထိုးကို ပုဂံခေတ် လက်ရာအပြည့်အစုံ တွေ့မြင်လေ့လာနိုင်ရန် ပြုပြင်ထားသည်။ ထိုနေရာမှ ဆက်၍ အနောက်ဘက်သို့သွားပါက သရပါတံခါးပေါက်ကြီး (၂၁၇၁/၁၄၆၆)သို့ ရောက်ရှိလေသည်။ []

ကိုးကား

  1. ဦးဗိုကေ - ပုဂံသုတေသနလမ်းညွှန်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya