ရှင်အာနန္ဒာအုတ်ကျောင်း

ရှင်အာနန္ဒာအုတ်ကျောင်းသည် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးပုဂံရှိ ဘုန်းကြီးကျောင်းဖြစ်၍ (၄)ရက်၊ ဇန်နဝါရီလ (၁၇၇၆)တွင် ပုဂံမော်ကွန်းထိန်း ဥတ္တနရာဇာက စတင်ဆောက်လုပ်ခဲ့ရာ (၂၁) ဇွန် (၁၇၈၅)တွင် ပြီးစီးခဲ့သည်။ ကျောင်းတည်ဆောက်ရာတွင် ပစ္စည်းဖိုး (၂၁၅၀)ကျပ်နှင့် လက်ခ (၁၈၀၀)ကျပ် စုစုပေါင်း (၃၉၅၀)ကျပ် ကုန်ကျခဲ့သည်။ ကျောင်းဆောက်ပြီးသောအခါ ဥတ္တနရာဇာသည် ကျောင်းထိုင်ဆရာတော်အဖြစ် ရေမြိန်ဇာတိ၊ သင်္ဃန်းရုံ အနွယ်ရှင် သုဓမ္မာလင်္ကာရကို တင်လှူခဲ့သည်။

ဘုန်းကြီးကျောင်းသည် အာနန္ဒာဘုရားအနီး၌ တည်ရှိသည့်အတွက် အာနန္ဒာအုတ်ကျောင်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ရှင်အာနန္ဒာအုတ်ကျောင်းသည် ပုဂံဒေသရှိ ကုန်းဘောင်ခေတ် လက်ရာ တစ်ခုဖြစ်ပြီး အုတ်ကျောင်းအတွင်း ခရစ်(၁၈)ရာစု ကုန်းဘောင်ခေတ် နံရံဆေးရေး ပန်းချီများကို လေ့လာနိုင်သည်။[]

ကိုးကား

  1. ဦးမောင်မောင် - ရန်ကုန်တက္ကသိုလ် ၏ ပုဂံစေတီပုထိုးများ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya