လေးမျက်နှာဂူဘုရား![]()
လေးမျက်နှာဂူဘုရားသည် ထီးလိုမင်းလိုမင်း(၁၂၁၁-၁၂၃၄) လက်ထက် ၁၂၂၃ ခုနှစ်တွင် အမတ်ကြီး အနန္တသူရမောင်နှံတို့ တည်ထားသော ကောင်းမှုကုသိုလ် ဖြစ်သည်။ မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံဒေသ၊ မင်းနန်သူရွာအနီးတွင် တည်ရှိသည်။ လေးမျက်နှာဘုရားကျောက်စာအကျဉ်းလေးမျက်နှာဘုရားတည်ဆောက်ရာ ပါဝင်သော ဌာပနာအသီးသီးကို မှတ်တမ်းတင်ထားပါကို အောက်ပါအတိုင်း တွေ့ရှိရသည်။
စသည်ဖြင့် လေးမျက်နှာဘုရား တည်ဆောက်ရာ ဌာပနာပုံအသေးစိတ်ကို တွေ့ရသည်။ အနန္တသူရ မောင်နှံတို့သည် "အတို့စကြဝဠာစသော အတိုင်းမသိသော စကြဝဠာနှိုက်နေသော လူနတ်သတ္တဝါခပ်သိမ်း တို့အကြွင်းမဲ့သဖြင့် သံသရာဆင်းရဲမှ လွတ်မြောက်ခဲ့၍ ဆင်းရဲမဲ့သော နိဗ္ဗာန်ပြည်သို့ ရောက်စေချင်သော ကြောင့် ငါလည်း သိစပ်မြင်နှံ့သော သဗ္ဗညုတဉာဏ် ဘုရားဆုကို လိုချင်သောကြောင့်" ဤလေးမျက်နှာ ဘုရားတည်ကြောင်း ဆုတောင်းသည်ကို တွေ့ရသည်။[၁] ဗိသုကာလက်ရာများဤလေးမျက်နှာဂူဘုရားအတွင်း၌ ဘုရားဆင်းတု လေးဆူ တည်ထားသည်။ ဂူအရံ၌လည်း ဘုရားဆင်းတုများ တည်ထားသည်။ ငါးရာ့ငါးဆယ် ဇာတ်လည်း အတင့်အတယ်ရေးသည်။ လေးမျက်နှာဘုရားသည် အရှေ့မုခ်ပြု ဂူဘုရားဖြစ်သည်။ အုတ်တံတိုင်းနှစ်ထပ်ရံ၍ အုတ်ခုံအမြင့်ပေါ်၌ ဂူဘုရားတည်ထားသည်။ ပန္နက်သည် စတုရန်းပုံဖြစ်၍ မုခ်လေးမျက်နှာ ရှိသည်။ အရှေ့ဘက်မုခ်သည် အဓိကဝင်ပေါက်ဖြစ်သည်။ အထက်၌ ပစ္စယာများ၊ ထောင့်များတွင် စေတီငယ်များ၊ ကွမ်းတောင်အထွတ်၌ ထီးတပ်ဆင်ထားသည်။ ဂူအတွင်းနံရံပေါင်းကူးတို့တွင် ဆေးရေးပန်းချီများ မင်စာများ ရှိသည်။ ခပ်များများမှာ ထုံးသုတ်ပစ်ခြင်းကြောင့် ပျက်ဆီးသွားသည်။ ဗုဒ္ဓဝင်ဆိုင်ရာ လက်ရာများမှာ အလွန်ကောင်းမွန်၍ နှမြောဖွယ်ဖြစ်သည်။ လေးမျက်နှာဘုရား ပတ်ဝန်းကျင်၌ ပုဂံခေတ် အုတ်ကျောင်းကြီးများ၊ ဓမ္မသာအုတ်ဇရပ်များ၊ လေးထောင့်ရေကန်၊ ရေတွင်းများကို တွေ့နိုင်ပေသေးသည်။
ကိုးကား
|
Portal di Ensiklopedia Dunia