သကျမုနိဂူဘုရား

  • စေတီပုထိုးအမှတ်= ၁၄၇/၁၁၈ ဖြစ်သည်။

သကျမုနိဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးညောင်ဦးမြို့၌ တည်ရှိသည်။ တည်သောကာလမှာ (၁၃) ရာစုအတွင်း ဖြစ်ဟန် တူလေသည်။

ဗိသုကာ လက်ရာများ

ပုံစံပန္နက်ကား လေးထောင့်စပ်စပ် ဖြစ်လေသည်။ မုခ်ဝလေးမျက်နှာရှိ၍ အနောက်ဘက် အာရုံခံ မုခ်လှည့် အဆောက်အအုံ ဖြစ်သည်။ ကုလားကျောင်း အထက်တွင် ပစ္စယာသုံးဆင်ရှိ၍ ပစ္စယာအထက်၌ ကွမ်းတောင်နှင့် စေတီအထွတ် တင်ထားလေသည်။

တံခါးမုခ်အဝင်ရှိ စုလစ်ပန်းများ၊ တိုင်ဖုံးပန်းများ၊ ပုလဲကုံးများ၊ ဘီလူးပန်းဆွဲတန်းများသည် လက်ရာ အလွန်မြောက်သည်။ အတွင်းနံရံများ၌ ဗုဒ္ဓဝင်နှင့် ငါးရာ့ငါးဆယ် ဇာတ်ကွက်၊ သီဟိုဠ်သို့ အသောကမင်းကြီး သာသနာပြု စေလွှတ်ခန်း ဇာတ်ကွက် ဆေးရေးပန်းချီ၊ နှစ်ကျိပ် ရှစ်ဆူဘုရား၊ ဆေးရေးပန်းချီများနှင့် ကမ္ပည်းစာများ ရှိသည်။ []

ကိုးကား

  1. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya