ရွှေဂူကြီးဘုရား (ပုဂံ)![]()
ရွှေဂူကြီးဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ ရွှေဂူကြီးဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီး ဖြစ်ပြီး အေဒီ(၁၁၃၁) တွင် အလောင်းစည်သူမင်း အေဒီ (၁၁၁၃- ၁၁၆၃)တွင် တည်ခဲ့ပြီး ပိဋကတ်တိုက်၏ အနောက်ဘက်၌ ရှိသည်။ အလောင်းစည်သူ မင်းသည် ပုဂံထီးနန်းကို ဆက်ခံ ပြီးနောက် ရဟန်း သံဃာတော်များနှင့် ညှိနှိုင်း တိုင်ပင်ကာ သာဝတ္တိပြည်၊ ဇေတဝန် ကျောင်းရှိ ဂန္ဓကုဋီ တိုက်တော်ပုံစံကို အတုယူ၍ နန်းဦးတွင် စေတီတည်ကာ ရွှေဂူကြီးဘုရားဟု အမည်ပေးခဲ့သည်။ အလောင်း စည်သူ ထီးနန်းရရှိ ပြီးနောက် ရှေးဦးစွာ တည်သည့် ဘုရားဖြစ်၍ အလောင်းစည်သူ မင်းအား ရွှေဂူဒါယကာ ဟု ခေါ်ကြ သည်။ ဗိသုကာ လက်ရာများဂူဘုရားသည် စင်္ကြပလ္လင်မြင့် အထက်တွင် တည်ရှိ၍ မြောက်ဘက်သို့ မုခ်လှည့်ထားသည်။ စင်္ကြပလ္လင်မြင့်ကို လျှောက်ကြည့်ပါက တောင်ဘက်၌ ရှိခိုးနေဟန် နတ်ရုပ်များနှင့် စိန်တန်းအင်္ဂတေ လက်ရာကောင်းများကို တွေ့ရပေလိမ့်မည်။ ထို့အတူ မုခ်တံကဲ၊ တိုင်ထောင့်ပန်း၊ တိုင်းဖုံးပန်းလက်ရာများကိုလည်း တင့်တယ်ပြေပြစ်စွာ တွေ့ရပေလိမ့်မည်။ ဂူဘုရားသို့ အနောက်မြောက်ထောင့်ရှိ လှေကားငယ်ဖြင့် တက်နိုင်သည်။ ထိုအခါ အာရုံခံနှင့် ဗဟိုမဏ္ဍိုင် ပတ်စင်္ကြများသို့ ရောက်သည်။ ရွှေဂူကြီး ဘုရားတွင် အင်္ဂတေပန်း၊ အင်္ဂတေ ဖြင့် ပြုလုပ်ထားသော ရုပ်ပုံအမျိုးမျိုး၊ ဘီလူး ပန်းဆွဲ၊ မုခ်တံကဲ၊ စဉ့်ကွင်းအချို့ နှင့် နံရံပေါင်းကူး (မုခ်ခုံး) များကို လေ့လာနိုင်သည်။ ရွှေဂူကြီးဘုရားကျောက်စာဝင်ပေါက် ဝဲယာနံရံတွင် ကပ်ထားသော ကျောက်စာနှစ်ချပ်ရှိသည်။ ရွှေဂူကြီးဘုရားရှိ ကျောက်စာ အရ အလောင်းစည်သူမင်းသည် မြေမှ ပေါက်တက် လာသကဲ့သို့ တင့်တယ် သပ္ပါယ်သော ဤဂန္ဓကုဋီတိုက် ဖြစ်သော ရွှေဂူကို တည်ထားကြောင်း နှင့် ဤရွှေဂူကို (၁၉) ဧပြီ (၁၁၃၁) တွင် စတင်တည်ပြီး (၁၆) ဒီဇင်ဘာ (၁၁၃၁) တွင် ပြီးစီး ကြောင်း ဖော်ပြထားသည်။ ရွှေဂူကြီး ကျောက်စာကို ပါဠိဘာသာ ဂါထာ (၁၀၀) ဖြင့် ရေးထိုး ထားပြီး အဆုံးတွင် သင်္သကရိုက် ဘာသာဖြင့် ရေးထိုးထားသည်။ အလောင်းစည်သူမင်းကြီး နိဗ္ဗာန်ဆုတောင်းခဲ့သည်ကို ပါဠိဘာသာဖြင့် ကျောက်စာထိုးခဲ့လေသည်။ ကောတ်နုတ် ဘာသာပြန်ရသော်
အလောင်းစည်သူမင်းကြီး၏ ဘဝနိဂုံးရာဇဝင်ကျမ်းများ၏ အဆိုအရ အလောင်းစည်သူမင်းကြီး၏ ဘဝနိဂုံးသည်လည်း ထိုဂူဘုရားနှင့် ဆက်စပ်နေသည်။ အလောင်းစည်သူ မင်း၏သား နရသူသည် ဖခင် မကျန်းမမာ ဖြစ်နေစဉ် ဖခင်အား ရွှေဂူကြီး ဘုရား အတွင်းသို့ ရွှေ့ပြောင်းထားပြီး နောက်ပိုင်းတွင် အဝတ်ဖြင့် ဖိသတ်ခဲ့သည်။ ထို့ကြောင့် ရွှေဂူ ဒါယကာ အလောင်းစည်သူ မင်းသည် မိမိ၏ ကောင်းမှုတော် ရွှေဂူကြီးဘုရား အတွင်းတွင် နတ်ရွာစံခဲ့ရသည်။
ကိုးကား
|
Portal di Ensiklopedia Dunia