ရပ်စောက်ဂူဘုရား(ပုဂံ)

  • စေတီပုထိုးအမှတ် = ၁၅၅/၁၂၄

ရပ်စောက်ဂူဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံတွင် တည်ရှိသည်။ ကျောက်ဂူဥမင်၏ဘေးတွင် နောက်မှပြုလုပ်သော လှေကားမှ ကုန်းထိပ်ပေါ်သို့ တက်ပြီး အနည်းငယ်ဆက်သွားပါက များစွာမဝေးသောနေရာတွင် ရပ်စောက်ဟု အမည်တွင်သော ဂူဘုရားငယ် တစ်ဆူရှိသည်။ ထိုဂူဘုရားသည် သက္ကရာဇ် ၅၂-ခု၊ ဝါဆိုလဆန်း(၇)ရက်၊ တနင်္ဂနွေနေ့တွင် တည်၍ပြီးသည်ဟု ဂူဘုရားအတွင်းရှိ နံရံရေး ကမ္ပည်းမင်စာအရ သိရှိရလေသည်။ ထိုဂူဘုရားအတွင်းတွင် ငါးရာ့ငါးဆယ်ဇာတ်ကွက် စသော ပုဂံခေတ် ပန်းချီများ ကမ္ပည်းစာနှင့်တကွ များစွာကျန်ရှိနေသေးသည်။ ၎င်းဂူဘုရား၏ ရှေ့တွင်လည်းကောင်း၊ ခပ်လှမ်းလှမ်း တစ်နေရာတွင်လည်းကောင်း ရှေးဟောင်းကျောက်စာချပ်များ၊ ကျောက်စာအကျိုးအပဲ့များ ရှိသည်။ ရပ်စောက်ဂူဘုရား အတွင်းနံရံရှိ စာကြောင်းရေ ၄၇-ကြောင်းပါရှိသည့် ထင်ထင်ရှားရှား ကမ္ပည်းမင်စာကြောင့် ဤဂူဘုရားမှာ လူသိများသော ရှေးဟောင်း အဆောက်အအုံပင် ဖြစ်သည်။ []

ကိုးကား

  1. ဦးဗိုကေ - ပုဂံသုတေသနလမ်းညွှန်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya