ဆပဒစေတီ(ပုဂံ)
ဆပ္ပဒစေတီသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံ၏သမိုင်းဝင် ထင်ရှားသော စေတီတစ်ဆူဖြစ်သော်လည်း ပုဂံ၌ တည်ရှိမနေဘဲ ညောင်ဦးတွင် တည်ရှိနေသည်။ ဆပဒစေတီသည် ညောင်ဦးမြို့ တောင်ဘက်အဝင်၊ ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းအနီးတွင် တည်ရှိသည်။ အနော်ရထာလမ်းခွဲ၌ တည်ရှိသည်။ ပုဂံခေတ် နရပတိစည်သူမင်းခရစ်နှစ် ၁၂-ရာစုနှောင်းပိုင်း တွင် တည်ထားသည်။
ဆပဒမထေရ်ထိုစေတီသည် (၁၂) ရာစုအတွင်း သီဟိုဠ်ရောက် ဆပဒမထေရ်ကို အကြောင်းပြု၍ ဆပဒစေတီဟု အမည်တွင်ခြင်း ဖြစ်သည်။ ဆပဒမထေရ်သည် ပုသိမ်နယ် (ယခု ငပုတောမြို့နေရာ) [၂]ဆပဒရွာသားဖြစ်သည်။ သီဟိုဠ်တွင် ရဟန်းခံ၍ စာပေ၊ ကျမ်းဂန်များကို သင်ယူရင်း ဆယ်ဝါ သီတင်းသုံးတော်မူခဲ့သည်။ ထို့နောက် ပုဂံသို့ ပြန်လာပြီးလျှင် သထုံနွယ် သံဃာတို့မှ သီးခြား၍ သံဃကံဆောင်၏။ ဒုတိယ သီဟိုဠ်ရောက် ဂိုဏ်းထောင်သည်။ ဗိသုကာလက်ရာသီဟိုဠ်(သီရိလင်္ကာ) ပုံစံဖြစ်ပြီး သီဟိုဠ်နိုင်ငံ အနုရာဓမြို့ရှိ ထူပါရာမစေတီပုံစံကို အတုယူတည်ဆောက်ခဲ့သည် ဆိုသည်။ [၃] ဆပဒစေတီသည် ပုဂံခေတ်လက်ရာ စေတီပုံမျိုး မဟုတ်ပဲ သီဟိုဠ်ခေတ် ပုထိုးစေတီဆန်ဆန် ဓာတုဂဗ္ဘ သို့မဟုတ် ဟာမိလခေါ် ဓာတ်တော်တိုက် လေးထောင့်ပုံနှင့် ထုပိကာအထွဋ်တင်၍ တည်ဆောက်ထားသည်။[၄] လေ့လာကြည်ညိုဖွယ်ရာများစေတီတော်ကို မဟာရံတံတိုင်း ပတ်လည်ဝိုင်းရံထားပြီး ခေါင်းလောင်းပုံ၏ အထက်၌ ဓာတ်တော်တိုက်ကို ထည့်သွင်းထားပုံမှာ သီဟိုဠ်ပုံစံအဖြစ် လေ့လာဖွယ်ကောင်းလှသည်။ ထို့ပြင် စေတီတော်၏ ခေါင်းလောင်းပုံနှင့် ငှက်ပျောဖူးတို့အကြား၌ လေးထောင့်စပ်စပ် ဓာတ်တော်တိုက်ကို ကြားညှပ်ခံပုံမှာလည်း ထူးခြားလှပါသည်။ စေတီတော်မှာ ငလျင်ဒဏ်ကြောင့် ဖောင်းရစ်ပတ်လည် ပြိုကျပျက်စီးသွားခဲ့ဖူးပါသည်။ သီဟိုဠ်သာသနာနှင့် ပုဂံသာသနာ ပေါင်းကူးပေးသော စေတီတော်အဖြစ် ကြည်ညိုဖွယ်ဖြစ်သည်။ အချို့က ဆပဒစေတီကို ဘုရားနီဟု ခေါ်ကြသည်။ ဆပဒစေတီ၏ မလှမ်းမကမ်းမှာလည်း ဆပဒေါပုထိုး(၁၆၄/၁၃၁-က)မှာလည်း ဆပဒစေတီနှင့် ဆက်စပ်လျက် များစွာစိတ်ဝင်စားဖွယ်ဖြစ်သည်။ ၎င်းဆပဒေါပုထိုးမှာ ခရစ်နှစ် ၁၄၄၂ ခုနှစ်၊ အင်းဝခေတ်တွင် သီဟိုဠ်ပြန် ဆပဋောသ မထေရ်ပင့်ဆောင်လာသော သရီရဓာတ်တော်များအား ဌာပနာပြုလုပ် တည်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံမှုများကြောင့် ရှေးဟောင်းခေတ်ဟူ၍ မသိမြင်နိုင်တော့ပေ။[၅] ကိုးကား
|
Portal di Ensiklopedia Dunia