မီးမလောင်ကျောင်း

မီးမလောင်ကျောင်း

မီးမလောင်ကျောင်းသည် နရပတိစည်သူ (၁၁၇၄ - ၁၂၁၁) ၏ ကောင်းမှုဟု ဆိုကြလေသည်။ ထိုဂူဘုရားကို နှောင်းခေတ်များတွင် ပြုပြင်မွမ်းမံခဲ့ ကြသည်။

  • သာသနိကအဆောက်အအုံအမှတ်=၁၆၁၁/၉၁၉

ဗိသုကာလက်ရာ

အောက်ခြေအုတ်ခုံ၏ ထုထည်သည် ခိုင်ခံ၏။ တဆယ့်သုံးပေ မြင့်သည်။ အုတ်ခုံပေါ်တွင် တည်ထားသော ဂူဘုရားသို့ လှေကားအမြင့်ဖြင့် တက်ရလေသည်။ ဤသည်မှာ မီးဘေး၊ ရေဘေးစသော ဘေးအန္တရာယ်အသီးသီးမှ ကင်းဝေးရအောင် စီမံခဲ့ခြင်းပေလောဟု တွေးတောစရာ ဖြစ်လေသည်။ အမှန်စင်စစ် ပုဂံဒေသသည် ပူပြင်းခြောက်သွေ့၍ မီးရန်နှင့် မကင်း။ ဤသည်ကို ရည်၍လည်း ပုဂံဒေသကို အချို့က တတ္တဒေသဟူ၍ အမည်ပေးခဲ့ဟန် တူသည်။ ၁၂၂၅ ခုနှစ်တွင် ပုဂံသည် မီးဘေးအကြီးအကျယ်ကြုံခဲ့ဖူးသည်။
ဂူအထက်ရှိ အလုပ်အဆောင်မှာမူ ထောင်တုရင်များဖြင့် အမိုးအဆင့်ဆင့် တန်ဆာဆင်ထားခြင်းပင် ဖြစ်၏။ ထိုအထက်တွင် စေတီငယ်တစ်ဆူ တည်ထားသည်။ ဂူအတွင်းသို့ ဝင်လိုက်သော်ကား နှောင်းခေတ်တွင် ထုလုပ်ထားသော တင်ပျဉ်ခွေဆင်းတု တစ်ဆူကို ဖူးမြင်နိုင်လေသည်။ []

ကိုးကား

  1. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya