သမ္ဘူလဘုရား

သမ္ဘူလဘုရား
  • စေတီပုထိုးအမှတ် = ၄၈၂/၂၈၁

သမ္ဘူလဘုရားသည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးပုဂံရှိ မင်းနန်သူရွာအနီးတွင် တည်ရှိသည်။

စေတီသမိုင်း

၁၂၅၅ ခုနှစ်တွင် ဘုရင် ဥဇနာ (၁၂၄၉-၁၂၅၆)၏ မိဖုရားသမ္ဘူလ တည်ထားသော ကောင်းမှုဖြစ်သည်။ ကျောက်စာအရ တိလောက စန္ဒာဒေဝီ ခေါ် သုံးလူလ ဟုလည်း ခေါ်ကြသည်။

ဗိသုကာလက်ရာများ

ပန္နက်ပုံစံမှာ စတုရန်းပုံဖြစ်၍ အရှေ့မုခ်လှည့် အာရုံခံဖြင့် ဆောက်ထားသည်။ ဗဟိုမဏ္ဍိုင်ကို လိုဏ်ပတ်စင်္ကြံဖြင့် တည်ဆောက်လျက် လေးမျက်နှာ၌ မုခ်ပေါက်များ ရှိသည်။ လိုဏ်ဂူသည် တစ်ထပ်သာဖြစ်၍ ပုဂံခေတ်နောက်ပိုင်းဟန်ကို တွေ့နိုင်သည်။ အထက်၌မူ ပစ္စယာများနှင့် ကွမ်းတောင်ပါရှိသည်။ အတွင်းနံရံဆေးရေး ဗုဒ္ဓဝင်ဇာတ်တော်များ ရှိသည်။ ပါဠိဘာသာဖြင့် နံရံမင်စာများသည် ဗုဒ္ဓဝင်၊ မဟာဝင်ဆိုင်ရာ အကြောင်းဖြစ်၍ စာပေသမိုင်းအတွက် အထူးအရေးပါလေသည်။ []



ကိုးကား

  1. ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya