ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်)
ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (အင်္ဂလိပ်: Pa-O People's Defense Force (Kham-Dom)), အတိုကောက်: PPDF-KD) သည် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ရပ်တည်ပြီး KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ၏ စစ်ရေးဦးဆောင်မှုအောက်တွင် လှုပ်ရှားနေသည်ဟု ဖော်ပြထားသည့် လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည်။ "ခမ်းဒေါမ်" ဟူသော ဝေါဟာရသည် ပအိုဝ်းဘာသာစကားဖြင့် မြေပြန့်ဒေသ ဟု အဓိပ္ပာယ်ရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ပအိုဝ်းခုခံတော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့အနက် တစ်ဖွဲ့အဖြစ် PPDF-KD ကို သတ်မှတ်ကြသည်။ အခြားတစ်ဖွဲ့မှာ တောင်ပေါ်ဒေသတွင် လှုပ်ရှားပြီး၊ PPDF-KD ကိုမူ မြေပြန့်ဒေသကို အခြေပြုလှုပ်ရှားသည်ဟု ခွဲခြားဖော်ပြလေ့ရှိသည်။ ဖွဲ့စည်းပေါ်ပေါက်လာပုံ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ ပအိုဝ်းလူငယ်များသည် KNLA ၏ တပ်မဟာ ၁ နယ်မြေ အတွင်း စစ်သင်တန်းများ တက်ရောက်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုအဖြစ် စတင်လှုပ်ရှားခဲ့ပြီး၊ PNFC ၏ နိုင်ငံရေးဦးဆောင်မှုကို ရယူကာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် (ခမ်းဒေါမ်) (PPDF-KD) အဖြစ် တရားဝင်ဖွဲ့စည်းခဲ့သည်။[၁] PPDF-KD သည် သုဝဏ္ဏဘူမိသထုံဒေသ တပ်နယ်-၁ နှင့် ဘားအံဒေသ တပ်နယ်-၂ ဟူ၍ တပ်နယ်နှစ်ခု သတ်မှတ်ကာ လှုပ်ရှားလျက်ရှိသည်။ တပ်နယ်-၁ သည် သထုံခရိုင် KNLA ၏ တပ်မဟာ-၁ နယ်မြေအတွင်းတွင် တည်ရှိပြီး တပ်နယ်-၂ သည် ဘားအံခရိုင် KNLA ၏ တပ်မဟာ-၇ နယ်မြေထဲတွင် ဖြစ်သည်။ တပ်နယ်နှစ်ခုအနက် တပ်နယ်-၁ က KNLA နှင့် PDF တို့နှင့် ပူးတွဲကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေကြောင်း သိရပြီး၊ တပ်နယ်-၂ ကမူ စစ်သင်တန်းများကို အဓိကထား ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ဆက်လက်ဖတ်ရှုရန်ကိုးကား |
Portal di Ensiklopedia Dunia