ဒြပ်စင်အလှည့်ကျဇယား (မြင်ကွင်းကျယ်)ဤသည်မှာ ပုံကြီးချဲ့ထားသည့် ဒြပ်စင်အလှည့်ကျ (အလှည့်မှန်) ဇယားဖြစ်သည်။ ယင်းတွင် အက်တော်မစ်အမှတ်များ၊ သင်္ကေတများ၊ အက်တော်မစ်အလေးချိန်(ဒြပ်ထု)များ၊ ဒြပ်စင်တစ်ခုစီ၏ သဘာဝအတိုင်းရှိနေသော ပေါင်းစပ်နိုင်သောတန်ဖိုး(valence or valency)များကို ဖော်ပြပေးထားသည်။ အလှည့်ကျဇယားသည် ဓာတုဒြပ်စင်များကို ဇယားပုံစံဖြင့်ဖော်ပြထားခြင်းဖြစ်သည်။ဤဇယားကို ဖော်ပြနိုင်ခြင်းသည် ၁၈၆၉ခုနှစ်က ဤဇယျားကို တည်ထွင်ခဲ့သော ရုရှားလူမျိုး ဓာတုဗေဒပညာရှင် ဒီမီထရီမင်ဒလိကို ဂုဏ်ပြုရပေမည်။ မင်ဒလိသည် ဒြပ်စင်တို့၏ ဂုဏ်သတ္တိများ အလှည့်ကျပြောင်းလဲပုံကို ဖော်ပြနိုင်ရန် ဤဇယားကို ချဲ့ထွင်ခဲ့သည်။ ဤဇယား၏ အစီအစဉ်ကို ဒြပ်စင်အသစ်များ တွေ့ရှိတိုင်း၊ ဒြပ်စင်တို့၏သဘာဝ အပြုအမူတို့ကို ရှင်းပြနိုင်မည့် သီအိုရီအသစ်များ ပုံစံအသစ်များ ပေါ်ထွက်လာတိုင်းပြုပြင်ချဲ့ထွင်ပြီး တိုးတက်ကောင်းမွန်လာစေခဲ့သည်။[၁] ဤအလှည့်မှန်ဇယားသည်ယခုအခါ ဓာတုဗေဒပညာရပ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လမ်းညွှန်ချက်များဖြင့် တွင်ကျယ်လာသည်။ များပြားလှသော ပုံစံအမျိုးမျိုးရှိသော ဒြပ်စင်တို့၏သဘာဝအပြုအမူကိုနှိုင်းယှဉ်ရန် စံနစ်တစ်ခုအတွင်းထည့်သွင်းရန် အမျိုးအစားခွဲရန်အလွန့်အလွန် အသုံးဝင်သောပုံစံခွက်တစ်ခုကို ထောက်ပံ့ပေးပါသည်။ ဤဇယားကို ရူပဗေဒ၊ ဇီဝဗေဒ၊တည်ဆောက်ရေးနှင့် စက်မှု့လုပ်ငန်းများတွင် ကျယ်ပြန့်စွာ အသုံးပြုကြကြောင်းတွေ့ရှိရသည်။ လက်ရှိစံဇယားတွင် ၂၀၁၀ခုနှစ် မတ်လ ၁၀ရက်နေ့က အတည်ပြုထားသော ဒြပ်စင် ၁၁၈ မျိုး ပါဝင်သည်။ အလှည့်ကျ/အလှည့်မှန်ဇယား
ကိုးကား
မှတ်စု
|
Portal di Ensiklopedia Dunia