၂၀၂၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၂၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဇလပုရိမြို့နှင့် ဆောင်ခလာမြို့တို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာ (၅)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။[၁] မြို့(၃)မြို့တွင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းကို ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် အတည်ပြုခဲ့သည်။ ဤသည်မှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့်မြို့ကို ပထမဆုံးအကြိမ်အဖြစ် မဲပေးရွေးချယ်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၅၉၊ ၁၉၆၇၊ ၁၉၇၅၊ ၁၉၈၅၊ ၁၉၉၅၊ ၂၀၀၇ ပွဲတော်များကို အိမ်ရှင်အဖြစ် (၆)ကြိမ်ကျင်းပခဲ့ပြီး ၂၀၂၅ခုနှစ်တွင် သတ္တမအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။[၂] လက်ခံကျင်းပခြင်းအရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ထုံးစံအရ ပြိုင်ပွဲများကို အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်ဝင် နိုင်ငံများအကြား အလှည့်ကျ လက်ခံကျင်းပကြသည်။ နိုင်ငံတစ်ခုသည် မိမိအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နှစ်ကို လက်ခံကျင်းပခြင်းမှ နုတ်ထွက်ခြင်း၊ အကြိမ်ပြောင်းလဲကျင်းပခြင်းတို့ ပြုလုပ်နိုင်သည်။ ၂၀၁၉ ခုနှစ်ပွဲတော်ဂယက်၂၀၁၇ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့ တွင် ဖိလစ်ပိုင်အားကစားကော်မရှင်မှ ၂၀၁၉ ခုနှစ်ပွဲတော်ကို မူလက လက်ခံကျင်းပရန် စီစဉ်ထားသော်လည်း မာလဝီတွင် စစ်သွေးကြွများကြောင့်[၃] ပျက်စီးမှုများကို ပြန်လည်ထူထောင်ရန် ရန်ပုံငွေအတွက် ၂၀၁၉ ပွဲတော်ကျင်းပရေးမှ နုတ်ထွက်ခဲ့သည်။[၄] ၂၀၁၇ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့ တွင် ထိုင်းအမျိုးသားအိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌမှ ၂၀၁၉ ပွဲတော်ကို အစားထိုး လက်ခံကျင်းပရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာမှ လက်ခံကြောင်း အကြောင်းကြားလာသည်။ အိမ်ရှင်မြို့အဖြစ် ချင်းမိုင်၊ ချောင်ဘူရီ၊ ဆောင်ခလာမြို့များကို ရွေးချယ်ထားသည်။ သို့သော် ဩဂုတ်လ ၁၆ ရက်တွင် ဖိလစ်ပိုင် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌမှ ၂၀၁၉ ပွဲတော်ကို ဖိလစ်ပိုင်တွင်ပင် ကျင်းပမည်ဟု ကြေညာပြန်သည်။ သူသည် ဖိလစ်ပိုင်သမ္မတ ဒူတာဒေးကို အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် မူလက စီစဉ်ထားသည့် ၂၀၂၅ခုနှစ်ပွဲတော်ကို အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်သည်။ ၂၀၂၅ခုနှစ်အတွက် အတည်ပြုခြင်း၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပသော အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် အစည်းအဝေးတွင် ထိုင်းနိုင်ငံကို ၂၀၂၅ခုနှစ်အတွက် အိမ်ရှင်အဖြစ် အမည်တင်သွင်းခဲ့သည်။ ငါးလအကြာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် ၂၀၂၅ခုနှစ်ပွဲတော်အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ တဆက်တည်းတွင် မလေးရှားနှင့် စင်ကာပူနိုင်ငံများသည် ၂၀၂၇နှင့် ၂၀၂၉ ပွဲတော်များကို လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံများဖြစ်ကြောင်း ကြေညာခဲ့သည်။[၅] အိမ်ရှင်မြို့ ရွေးချယ်ခြင်း၂၀၂၂ခုနှစ် အောက်တိုဘာ ၁၁ရက်နေ့တွင် ထိုင်းအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌက အိမ်ရှင်မြို့အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြရန် မူကြမ်းကို ထုတ်ပြန်ခဲ့သည်။ လက်ခံကျင်းပမည့်မြို့များအနေဖြင့် အားကစားကွင်းအသစ်များ ထပ်မံတည်ဆောက်ရန်မလိုပေ။
ပွဲများနှင့်အားကစားဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia