နေပြည်တော်တိုင်းစစ်ဌာနချုပ်
နေပြည်တော်တိုင်းစစ်ဌာနချုပ် (အတိုကောက် နပတ) သည် ပျဉ်းမနားမြို့အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ်စိုးမင်း (ကြည်း-၂၉၄၃၀) (စတသ-၃၉) ဖြစ်သည်။[၁] သမိုင်း၁၉၆၁ ခုနှစ် မတိုင်မီတွင် မြန်မာနိုင်ငံ၌ တောင်ပိုင်းတိုင်း နှင့် မြောက်ပိုင်းတိုင်းဟူ၍ တိုင်းစစ်ဌာနချုပ် နှစ်ခုသာရှိခဲ့ရာမှ ၁၉၆၁ ခုနှစ် အောက်တိုဘာလတွင် အနောက်မြောက်၊ အလယ်ပိုင်း၊ အရှေ့တောင်၊ အနောက်တောင်၊ အရှေ့ပိုင်းဟူ၍ (၅)ခုအထိ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် မန္တလေးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ခွဲခြားကာ မုံရွာမြို့သို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းအား မန္တလေးသို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ဖွဲ့စည်းခဲ့သည်။၂၀၀၆ ခုနှစ်၌ မြို့တော်ကို ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပျဉ်းမနားဒေသအား နေပြည်တော်တိုင်းစစ်ဌာနချုပ်ဟူ၍ ခွဲထုတ်ခဲ့သည်။[၂][၃][၄] ဖွဲ့စည်းပုံ
နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် စစ်ဗျူဟာမှူး(၃)ဦး ဦးစီးသည့် စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ ခြေမြန်တပ်ရင်း (၁၀)ရင်းရှိသည်။ အမှတ်(၁)စစ်ဗျူဟာအဖွဲ့အမှတ်(၁)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၁)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၄)ရင်းရှိသည်။
အမှတ်(၂)စစ်ဗျူဟာအဖွဲ့အမှတ်(၂)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၂)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
အမှတ်(၃)စစ်ဗျူဟာအဖွဲ့အမှတ်(၃)စစ်ဗျူဟာအဖွဲ့ အား အမှတ်(၃)စစ်ဗျူဟာမှူးမှ ဦးစီးပြီး ၎င်း၏ လက်အောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၃)ရင်းရှိသည်။
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
ကိုးကား
နောက်ထပ်ကြည့်ရန် |
Portal di Ensiklopedia Dunia