ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) (အတိုကောက် ဒကစ(ကလေး)) သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် အခြေစိုက်သည်။ ဒကစ(ကလေး)၏ အဓိကတာဝန်မှာ နမခ ကွပ်ကဲမှုအောက်ရှိ ဝေးလံသောဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံ နှင့်ထိစပ်နေသော နယ်နိမိတ်မျဉ်းရှိသဖြင့် မဟာဗျူဟာအရ အရေးပါသည့်ဒေသကို ထိန်းချုပ်ရန်၊ နယ်မြေအတွင်းရှိ လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိ ဒကစ(ကလေး)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်အောင်ကျော်ဆိုင် ဖြစ်သည်။ သမိုင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဝေးလံသောဒေသများကို ကွပ်ကဲနိုင်ရန် နှင့် အိန္ဒိယနိုင်ငံ နှင့် ထိစပ်နေသဖြင့် မဟာဗျူဟာအရ အရေးပါသည့်ဒေသကို ထိန်းချုပ်နိုင်ရန်အလို့ငှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)ကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် လက်အောက်ခံ တပ်ရင်း (၄) ရင်းသာရှိသော်လည်း ကွပ်ကဲမှု နယ်မြေအတွင်းရှိ လက်ရုံး/ဝန်ထမ်းတပ်ရင်း/တပ်ဖွဲ့များ၊ နမခ လက်အောက်ခံ အခြေချ စစ်ဗျူဟာအဖွဲ့(ခန္တီး) နှင့် လက်အောက်ခံတပ်များ၊ စကခ(၁၀) နှင့် လက်အောက်ခံတပ်များကိုပါ အုပ်ချုပ်ကွပ်ကဲရသည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး
ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်- ဒကစ(ကလေး)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ
ကိုးကားနောက်ထပ်ကြည့်ရန် |
Portal di Ensiklopedia Dunia