ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (အတိုကောက် ဒကစ) ဆိုသည်မှာ တိုင်းစစ်ဌာနချုပ် တစ်ခု၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး ၎င်းတိုင်းစစ်ဌာနချုပ်မှ အလှမ်းဝေးသော ဝေးလံခေါင်ဖျားသည့် နယ်မြေဒေသ၌ တိုင်းစစ်ဌာနချုပ် ကိုယ်စား ၎င်းနယ်မြေဒေသ၏ ကာကွယ်ရေး၊ လုံခြုံရေး နှင့် စစ်ဆင်ရေးကိစ္စရပ်များအား ကွပ်ကဲရန်၊ နယ်မြေအတွင်း၌ရှိသော လက်အောက်ခံ ခြေလျင်/ခြေမြန်တပ်များ နှင့် တွဲဖက်ထားသည့် အကူလက်ရုံး/ ဝန်ထမ်းတပ်များ အားလုံး၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများအား စစ်ဆေးခြင်း၊ လမ်းညွှန်ပေးခြင်း နှင့် ဖြေရှင်းဆောင်ရွက်ပေးခြင်းတို့အပြင် တိုင်းစစ်ဌာနချုပ်မှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့်ထုတ်ပြန်ခြင်း စသည့် ကွပ်ကဲမှုပိုင်းဆိုင်ရာ လုပ်ငန်းတာဝန်များအား ထမ်းဆောင်ရသော "တိုင်းစစ်ဌာနချုပ် အလတ်စား" ဖြစ်သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ၏ အမြင့်ဆုံး ရာထူးတာဝန်မှာ ဒေသကွပ်ကဲရေးမှူး (အတိုကောက် ဒကစမှူး) ဖြစ်ပြီး အဆင့်မှာ ဗိုလ်မှူးချုပ် ဖြစ်သည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် သည် တိုင်းစစ်ဌာနချုပ် အလတ်စား ဖြစ်ပြီး အခြေချ စစ်ဗျူဟာအဖွဲ့သည် တိုင်းစစ်ဌာနချုပ် အငယ်စား ဖြစ်သည်။ စစ်ဘက်အုပ်ချုပ်ရေးတာဝန်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး ဖွဲ့စည်းပုံသည် တိုင်းစစ်ဌာနချုပ်ရုံး ဖွဲ့စည်းပုံအတိုင်း ဌာနများခွဲ၍ ဖွဲ့စည်းထားသည်။ ထို့ကြောင့် ၎င်း၏ ကွပ်ကဲမှုအောက်တွင်ရှိသော လက်အောက်ခံတပ်များနှင့် အခြား လက်ရုံး/ ဝန်ထမ်းတပ်များသည် အုပ်ချုပ်ရေးယန္တရားဖြစ်သော ဦး/ ရေး/ ထောက် လုပ်ငန်းများအား တိုင်းစစ်ဌာနချုပ်သို့ တိုက်ရိုက် အစီရင်ခံခြင်း၊ တင်ပြခြင်းနှင့် တောင်းခံခြင်းများ ပြုလုပ်စရာမလိုဘဲ ဒကစ သို့ အစီရင်ခံခြင်း၊ တင်ပြခြင်းနှင့် တောင်းခံခြင်းများ ပြုလုပ်နိုင်သဖြင့် အုပ်ချုပ်ရေးပိုင်း၌ ပိုမိုလျင်မြန်ထိရောက်စေသည်။ ထို့ပြင် ဒကစ များအား စစ်ဘက်တရားစီရင်ခွင့် အာဏာကိုပါ အပ်နှင်းထားသည်။ အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ဒကစများအား စစ်ဘက်အုပ်ချုပ်ရေးသာမက အရပ်ဘက်အုပ်ချုပ်ရေးပိုင်း၌ ဝင်ရောက်ကူညီပေးနိုင်ရန်အထိလည်း ရည်ရွယ်ဖွဲ့စည်းထားသည်။ ထို့ကြောင့် ဒကစ များသည် စစ်ဘက်အုပ်ချုပ်ရေးအပြင် ၎င်းတို့အခြေစိုက်ရာနေရာဒေသ၏ အရပ်ဘက်အုပ်ချုပ်ရေးပိုင်းကိုပါ ဝင်ရောက်ဆောင်ရွက်ရလေ့ရှိသည်။ ထို့ပြင် စစ်အုပ်ချုပ်ရေးကြေညာထားသော ဒေသများ၌ ဒကစ သည် တရားစီရင်ခွင့်အာဏာပါ ရရှိလေသည်။ ဖွဲ့စည်းပုံဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခု၏ ယေဘူယျ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည် - ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံးဒကစရုံးတွင် အောက်ပါအတိုင်း လုပ်ငန်းအလိုက် ဌာနများ ခွဲ၍ ဖွဲ့စည်းထားသည် -
လက်အောက်ခံ ခြေလျင်/ ခြေမြန်တပ်များ
ကွပ်ကဲမှုအောက် အကူလက်ရုံး/ ဝန်ထမ်း တပ်များ
ဖွဲ့စည်းထားပြီးသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ်များ
နောက်ထပ်ကြည့်ရန်ကိုးကား
|
Portal di Ensiklopedia Dunia