မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် မပခ)သည် မြစ်ကြီးနားမြို့တွင် အခြေစိုက်သည့် တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ကချင်ပြည်နယ်နှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် အောင်ဇော်ထွေး (တေဇ-၂၄)ဖြစ်သည်။ သမိုင်း၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်တွင် မြန်မာနိုင်ငံ၌ တောင်နှင့်မြောက်ဟူ၍ တပ်မတော်စစ်တိုင်း (၂)ခုသာရှိသေးသည်။ မြောက်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်နေဝင်းဖြစ်သည်။ ထို့နောက် ၁၉၄၈ခုနှစ်ဩဂုတ်လတွင် ဗိုလ်မှူးချုပ်နေဝင်းမှာ ဒုစစ်သေနာပတိဖြစ်သွားပြီး ဗိုလ်မှူးချုပ်လဇွန်တန်မှ မြောက်ပိုင်းတိုင်းမှူးဖြစ်လာသည်။ ရောင်စုံသူပုန်များ ထကြွချိန်တွင် ဒုဗိုလ်ချုပ်ကြီးနေဝင်းမှာ စစ်ဦးစီးချုပ်ဖြစ်သွားပြီး ဗိုလ်မှူးချုပ် အေဒီဘလိတ်က မြောက်ပိုင်းတိုင်းမှူးဖြစ်လာခဲ့သည်။ ၁၉၅၃ ကူမင်တန်ကျူးကျော်မှုတွင် တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဇောအား မြောက်ပိုင်းသို့ ပြောင်းရွှေ့ခန့်ထားကာ တိုက်ခိုက်စေခဲ့သည်။၁၉၅၆တွင် ဗိုလ်မှူးချုပ်ကျော်ဇောအား ဗကပနင့် ဆက်သွယ်သည်ဟုဆိုကာ အနားပေးခဲ့သည်။[၁]၎င်း၏နေရာအား ဗိုလ်မှူးချုပ်အောင်ရွှေကို ခန့်ထားခဲ့သည်။၁၉၅၉ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် ဗိုလ်မှူးချုပ်အောင်ရွှေမှာ တောင်ပိုင်းသို့ ရောက်သွားပြီး မြောက်ပိုင်းတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စန်းယုဖြစ်သည်။၁၉၆၀ရွေးကောက်ပွဲအပြီး အာဏာပြန်လွှဲပြီးချိန်ဖြစ်သော ၁၉၆၁ခုနှစ်တွင် တပ်မတော်ကို အင်အားတိုးချဲ့သည့်အနေဖြင့် တောင်နှင့်မြောက် စစ်တိုင်း(၂)ခုအား နမခ၊လပခ၊ရတခ၊နတခနှင့် ရပခဟူ၍ စစ်တိုင်း(၅)ခုသို့ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တော်လှန်ရေးကောင်စီလက်ထက် ၁၉၇၂ခုနှစ်တွင် တပ်မတော်စစ်တိုင်း (၅)ခုအား (၉)ခုသို့ ထပ်မံတိုးချဲ့ခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က တိုင်းမှူးမှာ ဗိုလ်မှူးကြီးထွန်းတင်ဖြစ်သည်။[၂][၃] ဖွဲ့စည်းပုံမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) နှင့် အခြေချ စစ်ဗျူဟာအဖွဲ့များ၊ လှုပ်ရှား စစ်ဗျူဟာအဖွဲ့များနှင့် ၎င်းတို့ ကွပ်ကဲအောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်း (၁၆)ရင်း ပါဝင်သည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံး
အခြေချ စစ်ဗျူဟာအဖွဲ့များ
လှုပ်ရှား စစ်ဗျူဟာအဖွဲ့များ
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များမပခ နယ်မြေအတွင်း၌ အောက်ပါ စစ်ဆင်ရေးကွပ်ကဲမှုဌာချုပ်များ အခြေစိုက်တည်ရှိသည် - တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
(မှတ်ချက် - ဒုတိယဗိုလ်မှူးကြီးမောင်မောင် သည် ၅-၂-၁၉၄၉ မှ ၂၀-၂-၁၉၄၉ အထိ၊ ဒုတိယဗိုလ်မှူးကြီးမောင်ကြင် သည် ၂၁-၂-၁၉၄၉ မှ ၂၉-၈-၁၉၄၉ အထိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတပ်များကို ကွပ်ကဲခဲ့သည်။)
ကိုးကား
နောက်ထပ်ကြည့်ရန် |
Portal di Ensiklopedia Dunia