အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် ရလခ) သည် ခိုလမ်မြို့တွင် အခြေစိုက်သည့် တပ်မတော်တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း နယ်နိမိတ်အလယ်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် မျိုးမင်းထွန်း ဖြစ်ပြီး ၎င်းသည် ၂၀၂၂ နှစ် ဇူလိုင်လမှစ၍ တြိဂံတိုင်းမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။ သမိုင်းအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ကို ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း ကွပ်ကဲမှုနယ်မြေကျယ်ပြန့်လှသည်ဖြစ်၍ ဝေးလံသောနေရာများကို ထိရောက်သော ကွပ်ကဲမှုမပေးနိုင်ခဲ့ပေ။ ထို့ကြောင့် ၁၉၇၂ ခုနှစ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကို လည်းကောင်း၊ ရပခ နယ်မြေအတွင်းမှ ခွဲထုတ်ကာ သီးခြားစစ်တိုင်းများအဖြစ် ဖွင့်လှစ်ခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် စစ်နယ်ဝှန်းလိုအပ်မှုအခြေအနေအရ ရပခ လက်အောက်ရှိ နယ်မြေအချို့အား ထပ်မံထုတ်နုတ်ကာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သီးခြားစစ်တိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံ
စစ်ဗျူဟာများအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အား ရှမ်းပြည်နယ်၊ ခိုလမ်မြို့[၁] တွင်အခြေပြုကာ တိုင်းစစ်ဌာနချုပ်လက်အောက်ခံအဖြစ် အခြေချ စစ်ဗျူဟာ (ကွန်ဟိန်း)၊ အခြေချ စစ်ဗျူဟာ (လင်းခေး)၊ လှုပ်ရှား စစ်ဗျူဟာများနှင့် ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်း (၁၆) ရင်းရှိသည်။ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ
ကိုးကားနောက်ထပ်ကြည့်ရန် |
Portal di Ensiklopedia Dunia