သံချပ်ကာယန္တရားတပ်ဖွဲ့

တပ်မတော်(ကြည်း)
သံချပ်ကာယန္တရားတပ်ဖွဲ့
သံချပ်ကာယန္တရားတပ်ဖွဲ့ လက်ရုံးတံဆိပ်
တည်ထောင်၁ ဒီဇင်ဘာ ၁၉၄၈
နိုင်ငံ မြန်မာ
ပင်မတပ်ဖွဲ့
အမျိုးအစား
သံချပ်ကာ
အခန်းကဏ္ဍမြေပြင်စစ်ဆင်ရေး၊ ပစ်ကူ‌ပေးခြင်း၊ မြေပြင်သိမ်းပိုက်ခြင်း၊ ‌ရွှေ့လျားစစ်ကစားခြင်း။
တပ်
အရွယ်အစား
တင့်ကား ၇၀၅ စီး~[] သံချပ်ကာ ၈၁၃၉ စီး~[]
အစိတ်အပိုင်း တပ်မတော်
ဌာနချုပ်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရုံး၊ နေပြည်တော်
အမည်ပြောင်တင့်တပ်
ဆောင်ပုဒ်
  • "ကာကွယ်၊ ပစ်အား၊ စစ်ကစား"
  • "တိုက်ပွဲအောင်နိုင်၊ ဆုံးဖြတ်ခိုင်မာ၊ သံချပ်ကာ"
နှစ်ပတ်လည်များ၇၅ နှစ်မြောက်စိန်ရတုနှစ်ပတ်လည်
အုပ်ချုပ်သူများ
သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးဗိုလ်ချုပ် ထူးမြတ်တိုး
အဆောင်အယောင်များ
တပ်ဖွဲ့အလံ
တင့်ကားတပ် လက်မောင်းတံဆိပ်
တပ်ဖွဲ့အလံဟောင်း
(၁၉၄၈)

တပ်မတော် သံချပ်ကာယန္တရားတပ်ဖွဲ့ သည် မြန်မာ့တပ်မတော် (ကြည်း)၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ရွေ့လျားစစ်ကစားခြင်း၊ ပစ်ကူပေးခြင်း နှင့် အဓိကကာကွယ်ရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ ဖြစ်သည်။ ထို့ပြင် အရှေ့တောင်အာရှဗီယက်နမ်တပ်မတော် ပြီးလျှင် တင့်ကားပိုင်ဆိုင်မှု ဒုတိယအများဆုံးဖြစ်သည်။[]

သမိုင်းကြောင်း

သံချပ်ကာယန္တရားတပ်ဖွဲ့အား လွတ်လပ်ရေးရပြီး ၁၉၄၈ခုနစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် မဟာမိတ်နိုင်ငံများ (ဒုတိယကမ္ဘာစစ်)လက်ကျန် တင့်ကားတချို့ဖြင့် အမှတ်(၁) သံချပ်ကာတပ်ဖွဲ့ အမည်ဖြင့်စတင်ဖွဲ့စည်းခဲ့သည်။ ပြည်တွင်းပုန်ကုန်မှုတိုက်ပွဲများနှင့် ပြည်ပရန်ကာကွယ်ရေးတိုက်ပွဲများတွင် ပါဝင်တိုက်ခဲ့သည်။ ယခုအခါပြည်တွင်းစစ်ပွဲများတွင်လည်း သံချပ်ကာယာဉ်များကိုအသုံးပြုတိုက်ခိုက်လျက်ရှိသည်။

ကွပ်ကဲပုံ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးကိုကွပ်ကဲပြီး သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံးများ သံချပ်ကာ စစ်‌ဆင်ရေးကွပ်ကဲရေးမှူးဌာနချုပ်များနှင့် သံချပ်ကာတပ်ရင်းများကို အဆင့်ဆင့်ညွှန်ကြားကွပ်ကဲသည်။

ဖွဲ့စည်းပုံ

သံချပ်ကာယန္တရားတပ်ဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းထားသည် -

  • သံချပ်ကာယန္တရားသင်တန်းကျောင်း (သယက)
  • သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး
  • သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲရေးမှုဌာနချုပ်(၅)ခု
  • သံချပ်ကာတပ်ရင်းများ
  • သံချပ်ကာ ပြင်ဆင်ရေးပင်မအလုပ်ရုံတပ်များ

သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲရေးမှုဌာနချုပ်များ

သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲရေးမှုဌာနချုပ်(၅)ခု မှာ အောက်ပါအတိုင်းဖွဲ့စည်းထားသည် -

  1. အမှတ်(၇၁) သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  2. အမှတ်(၇၂) သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  3. အမှတ်(၇၃) သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  4. အမှတ်(၇၄) သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
  5. အမှတ်(၇၅) သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အသုံးပြုနေသော တင့်ကားများနှင့်သံချပ်ကာယာဉ်များ

အမည် အရေအတွက် ထုတ်လုပ်သည့်နိုင်ငံ ပုံများ မှတ်ချက်
တိုက်ခိုက်ရေးတင့်ကားများ
T-55 ~၁၀  ဆိုဗီယက်ယူနီယံ

[]

T-72S ~၃၀၀  ရုရှား

 ယူကရိန်း

၂၀၀၀ ခုနစ်ဝန်းကျင်တွင် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့ထံမှလက်ခံရရှိသည်။[]
Type-59D ~၃၀၀  တရုတ် []
Type-69- II ~၁၆၀ []
MBT-2000 ~၂၀၀ ၂၀၀၉ ခုနစ်နှင့် ၂၀၁၁ ခုနစ်ဝန်းကျင်၌ တရုတ်နိုင်ငံမှလက်ခံရရှိသည်။[]

[]

တင့်ကားများ
MMT-40 n/a  မြန်မာ ပြည်တွင်း၌ထုတ်လုပ်သည်။

[]

Type-63 ~၁၀၅  တရုတ် []
ချေမှုန်းရေးသံချပ်ကာများ
PTL-02 mod ~၁၅၀+  တရုတ် []
ကင်းထောက်သံချပ်ကာများ
AML-90 ~၅၀  ပြင်သစ် []
BRDM-2MS ~၅၀  ရုရှား ၂၀၂၁ ခုနစ်အာဏာသိမ်းမှုအပြီး ရုရှားနိုင်ငံမှလက်ခံရရှိသည်။[]
EE-9 Cascavel ~၁၅၅  ဘရာဇီး အစ္စရေးနိုင်ငံမှလက်ခံရရှိသည်။[]
MAV-1 n/a  မြန်မာ ပြည်တွင်း၌ထုတ်လုပ်သည်။[]
တိုက်ခိုက်ရေးသံချပ်ကာများ
BTR-3U ~၅၀၀+  ယူကရိန်း  မြန်မာ BTR-3U သံချပ်ကာ(APCs)အစီးရေ ၁၀၀၀ ခန့်ကို ဝယ်ယူရန်အတွက် ၂၀၀၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့်စာချုပ် ချုပ်ဆိုခဲ့သည်။ 2013 ခုနှစ်၌ ပြည်တွင်းတွင် တပ်ဆင်ရန် အစုံအလင်အဖြစ် ဝယ်ယူခဲ့သည်။[]
MT-LBMSh ၃၀၀+ []
လူသယ်သံချပ်ကာများ
ZSD-85 ~၂၈၀  တရုတ် []
ZSD-90 ~၂၅၀+ []
ZSL-92 ~၂၅၀+ []
BAAC-87 n/a  မြန်မာ []
Gaia Thunder n/a  အစ္စရေး ၂၀၁၇ ခုနစ်အတွင်း အစ္စရေးနိုင်ငံမှလက်ခံရရှိသည်။[]
MPV n/a  အိန္ဒိယ []
AUV
MAV-2 n/a  မြန်မာ ပြည်တွင်း၌ထုတ်လုပ်သည်။[]
MAV-3 n/a []


ကိုးကား

  1. {{cite web|url=https://www.quora.com/How-many-tanks-does-the-Myanmar-Army-have-What-kind-of-tanks-do-they-use
  2. {{cite web|url=https://www.globalfirepower.com/country-military-strength-detail.php?country_id=myanmar
  3. {{cite web|url=https://www.globalfirepower.com/armor-tanks-total.php
  4. ၄.၀၀ ၄.၀၁ ၄.၀၂ ၄.၀၃ ၄.၀၄ ၄.၀၅ ၄.၀၆ ၄.၀၇ ၄.၀၈ ၄.၀၉ ၄.၁၀ ၄.၁၁ ၄.၁၂ ၄.၁၃ ၄.၁၄ ၄.၁၅ ၄.၁၆ ၄.၁၇ ၄.၁၈ International Institute for Strategic Studies (February 13, 2024)။ The Military Balance 2024 (1st ed.)။ Routledge။ p. 297။ ISBN 978-1032780047
  5. https://en.wikipedia.org/wiki/Al-Khalid/VT-1A#cite_note-42
  6. ၆.၀ ၆.၁ International Institute for Strategic Studies (15 February 2023)။ The Military Balance 2023 (1st ed.)။ Routledge။ p. 276။ ISBN 978-1032508955
  7. www.globaldefensecorp.com/2023/08/21/myanmar-unveils-locally-developed-mmt-40-light-tanks/amp/
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya