ကျောက်ဆည်မြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ကျောက်ဆည်မြို့ ဖြစ်သည်။
သမိုင်းကြောင်း
ကျောက်ဆည်အဖြစ် အမည်မတွင်မီက မြစ်သာ (မ္လစ်သာ)ဟု အမည်တွင်ပြီး သာယာသောမြစ်ရှိသောနေရာဖြစ်၍ မြစ်သာရွာဟုခေါ်သည်။ ကျောက်ဆည်ဟူသောအမည်သည် ဇော်ဂျီမြစ်ကို ကျောက်များဖြင့် ဆည်ဖို့ထားခြင်းကြောင့် မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၂၆မိနစ်နှင့် ၂၂ဒီဂရီ ၂မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၉၇မိနစ်နှင့် ၉၆ဒီဂရီ ၅၈မိနစ် အကြားတွင် တည်ရှိသည်။ ၇၂၅.၂၈စတုရန်းမိုင် ကျယ်ဝန်းသည်။
နယ်နိမိတ်
ကျောက်ဆည်နယ်၏ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်နှင့် ရွာငံမြို့နယ်၊တောင်ဘက်တွင် မြစ်သားမြို့နယ်၊အနောက်ဘက်တွင် တံတားဦးမြို့နယ်နှင့် မြောက်ဘက်တွင် စဉ့်ကိုင်မြို့နယ်များဖြင့် ထိစပ်နေသည်။
မြေမျက်နှာသွင်ပြင်
ကျောက်ဆည်မြို့နယ်အတွင်းတွက် ဇော်ဂျီမြစ်၊ပန်းလောင်မြစ်နှင့် စမုံမြစ်တို့သည် အရှေ့တောင်မှ အနောက်မြောက်ဘက်သို့ စီးဆင်းနေသည်။ ကျောက်ဆည်မြို့မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၁ပေတွင် တည်ရှိသည်။ မြို့နယ်အတွင်းရှိ ရွှေသာလျောင်းတောင်မှာ ၉၇၃ပေမြင့်ကာ အမြင့်ဆုံးတောင်ဖြစ်သည်။
လူဦးရေ
ကျောက်ဆည်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်း၊ရခိုင်၊ရှမ်း၊ကရင်၊ကချင်၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်နှင့် ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။
စီးပွားရေး
ကျောက်ဆည်မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ပြောင်း၊နှမ်း၊ငရုတ်၊ကြက်သွန် စသည်တို့ဖြစ်ပြီး မန္တလေးနှင့် ရန်ကုန်သို့ တင်ပို့ ရောင်းချသည်။ဤမြို့နယ်တွင် စိုက်ပျိုးရေးနှင့်အသက်မွေးသူ များစွာနေထိုင်ကြပြီး ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးကြသည်။ ထို့ကြောင့် စိုက်ပျိုးရေးသီးနှံများ ဖြစ်ထွန်းပြီး စီးပွားရေး အထိုက်အလျောက်ကောင်းမွန်သည်။[၂]
ဈေးများ
- မြို့မဈေး
- အေးမြကြည်လင်ဈေး
ပို့ဆောင်ဆက်သွယ်ရေး
ကျောက်ဆည်မြို့နယ်အတွင်းတွင် ရန်ကုန်-မန္တလေးလမ်းသည် ၁၅.၃မိုင်ခန့်ဖြတ်သန်းသွားသည်။ ဘဲလင်း-ရဲရွာလမ်း၊ရှမ်းပြည်နယ်တောင်ပိုင်းရှိ ရွာငံ-အောင်ပန်း-တောင်ကြီးမြို့များသို့ အချိန်တိုစွာသွားလာနိုင်သည့် ဟံမြင့်မိုရ်လမ်းခွဲတို့မှာလည်း ထင်ရှားသည်။ ရန်ကုန်-မန္တလေး ရထားလမ်းမှာလည်း ဤမြို့နယ်အတွင်းဖြတ်သန်းသွားသည်။[၂]
ပညာရေး
အဆင့်မြင့်ပညာ
ကျောက်ဆည်မြို့နယ်တွင်
ကျောက်ဆည်တက္ကသိုလ်
နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တည်ရှိသည်။[၂]
အခြေခံပညာ
အထက
အထက်တန်းကျောင်း ၉ကျောင်းရှိသည်။
- အထက ၂
- အထက ၃
- အထက သံရွာ
- အထက ဟံမြင့်မိုရ်
- အထက မင်းစု
- အထက ရွာသစ်
- အထက ညောင်ရွှေ
- အထက ကုန်းကြီး
အထက (ခွဲ)/အလက
- အလက (ထ(ခွဲ)) မြို့မ
- အလက (ထ(ခွဲ)) ဆူးလေကုန်း
- အလက (ထ(ခွဲ)) ကျောက်ဆောင်ကုန်း
- အလက (ထ(ခွဲ)) မြေစို
- အလက (ထ(ခွဲ)) လက်ပန်
- အလက (ထ(ခွဲ))ဒွေးလှ
- အလက ရဲဘော်လေး
- အလက မှိုင်းပန်
- အလက န-သာဂရ
အမက
မူလတန်း၊မူလွန်၊အလယ်တန်း (ခွဲ) ၁၆၇ကျောင်းရှိသည်။
ကျန်းမာရေး
ဆေးရုံများ
- အထွေထွေရောဂါကုဆေးရုံကြီး (ကျောက်ဆည်)
- မင်းစုတိုက်နယ်ဆေးရုံ
- သံရွာတိုက်နယ်ဆေးရုံ
- ဖျောက်ဆိပ်ပင်တိုက်နယ်ဆေးရုံ
- စမာတိုက်နယ်ဆေးရုံ
ထင်ရှားသောနေရာများ
- ရွှေမုဌော
- ရွှေသာလျောင်း
- မဟာမြတ်လေးဆူ
- လေးမျက်နှာ
- ရွှေသိမ်တော်
- ရွှေဆပ်သွား
- ရွှေတောင်ထီး
- တမုတ်ရှင်ပင်ရွှေဂူကြီး
- လောကမာန်အောင်ရွှေဂူကြီး
- မြင်စိုင်းမြို့ဟောင်း
- ဓာတ်တော်တောင်
ကိုးကား
|
---|
|
ကင်းကျေးရွာအုပ်စု | |
---|
ကတဲကျေးရွာအုပ်စု | |
---|
ကျားကာကျေးရွာအုပ်စု | |
---|
ကျီးပြကျေးရွာအုပ်စု | |
---|
ကျီးအိပ်ကျေးရွာအုပ်စု | |
---|
ကြက်သားဟင်းကျေးရွာအုပ်စု | |
---|
ကြောင်ကျေးရွာအုပ်စု | |
---|
ကြောင်ပန်းကုန်းကျေးရွာအုပ်စု | |
---|
ကလိုင်ကျော်ကျေးရွာအုပ်စု | |
---|
ကလေးကျေးရွာအုပ်စု | |
---|
ကိုးပင်ကျေးရွာအုပ်စု | |
---|
ကုလားကျောင်းကျေးရွာအုပ်စု | |
---|
ခတက်ကုန်းကျေးရွာအုပ်စု | |
---|
ချောင်းဆုံကျေးရွာအုပ်စု | |
---|
ငှက္ကတောင်ကျေးရွာအုပ်စု | |
---|
ငါးဆူကျေးရွာအုပ်စု | |
---|
ငါးအိုးကျေးရွာအုပ်စု | |
---|
စင်းကွန်းကျေးရွာအုပ်စု | |
---|
စပါယ်တောကျေးရွာအုပ်စု | |
---|
စိုင်မလန်းကျေးရွာအုပ်စု | |
---|
ဆူးလေကုန်းကျေးရွာအုပ်စု | |
---|
ဇရစ်ခဲကျေးရွာအုပ်စု | |
---|
ဇရပ်ဖြူကျေးရွာအုပ်စု | |
---|
ညောင်ရွှေကျေးရွာအုပ်စု | |
---|
ညောင်ဝန်းကျေးရွာအုပ်စု | |
---|
တံစိုးကျေးရွာအုပ်စု | |
---|
တောင်တော်ကျေးရွာအုပ်စု | |
---|
တောင်နောက်ကျေးရွာအုပ်စု | |
---|
တောတွင်ကျေးရွာအုပ်စု | |
---|
ထန်းဇင်တော်ကျေးရွာအုပ်စု | |
---|
ဒွေးလှကျေးရွာအုပ်စု | |
---|
ဒါန်းတိုင်ကျေးရွာအုပ်စု | |
---|
ပင်တလည်ကျေးရွာအုပ်စု | |
---|
ပတ္တာကျေးရွာအုပ်စု | |
---|
ပနန်ကျေးရွာအုပ်စု | |
---|
ပန်းခွာကျေးရွာအုပ်စု | |
---|
ပြည်တော်သာကျေးရွာအုပ်စု | |
---|
ပြည်ပန်းကျေးရွာအုပ်စု | |
---|
ပွတ်တိုင်ကျေးရွာအုပ်စု | |
---|
ပုထိုးနီကျေးရွာအုပ်စု | |
---|
ပုန်းညက်ကျေးကျေးရွာအုပ်စု | |
---|
ပေတောကြီးကျေးရွာအုပ်စု | |
---|
ပေါက်ပင်ကွေ့ကျေးရွာအုပ်စု | |
---|
ပေါင်လောင်ကြီးကျေးရွာအုပ်စု | |
---|
ပဲခင်းကျေးရွာအုပ်စု | |
---|
ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စု | |
---|
ဘုံကွင်းကျေးရွာအုပ်စု | |
---|
မင်းစုကျေးရွာအုပ်စု | |
---|
မယ်ဇယ်ပင်ကျေးရွာအုပ်စု | |
---|
မြင်းကဘက်ကျေးရွာအုပ်စု | |
---|
မြေစိုပါယ်လေးဆယ်ကျေးရွာအုပ်စု | |
---|
မြေစိုမိုးကောင်းကျေးရွာအုပ်စု | |
---|
မြောင်းဦးကျေးရွာအုပ်စု | |
---|
မှိုင်းပန်ကျေးရွာအုပ်စု | |
---|
မုန့်ပေါင်းကျေးရွာအုပ်စု | |
---|
ရန်ဘက်လိုကျေးရွာအုပ်စု | |
---|
ရွှေဒါးကျေးရွာအုပ်စု | |
---|
ရွှေအင်းကျေးရွာအုပ်စု | |
---|
ရွာနန်းကျေးရွာအုပ်စု | |
---|
ရွာပုလဲကျေးရွာအုပ်စု | |
---|
ရွာသစ်ကျေးရွာအုပ်စု | |
---|
ရှမ်းတောင်ဦးကျေးရွာအုပ်စု | |
---|
ရှားပင်ကျေးရွာအုပ်စု | |
---|
ရေသရောက်ကျေးရွာအုပ်စု | |
---|
ရဲကျေးရွာအုပ်စု | |
---|
ရဲဘော်ကြီးကျေးရွာအုပ်စု | |
---|
ရဲမအူကျေးရွာအုပ်စု | |
---|
လက်ပန်ကျေးရွာအုပ်စု | |
---|
လက်ပန်ဇင်ကျေးရွာအုပ်စု | |
---|
လက်ပန်ပင်ကျေးရွာအုပ်စု | |
---|
လယ်ကြီးကျေးရွာအုပ်စု | |
---|
လေးဆယ်ကုန်းကျေးရွာအုပ်စု | |
---|
သံကျေးရွာအုပ်စု | |
---|
သင်တောင်းကျေးရွာအုပ်စု | |
---|
သင်ပျိုကျေးရွာအုပ်စု | |
---|
သင်ပုတ်ကျေးရွာအုပ်စု | |
---|
သင်္ဂတုံကျေးရွာအုပ်စု | |
---|
သမန္တလင်းကျေးရွာအုပ်စု | |
---|
သရက်ပင်ကျေးရွာအုပ်စု | |
---|
သူငယ်တော်ကျေးရွာအုပ်စု | |
---|
ဟံမြင့်မိုရ်ကျေးရွာအုပ်စု | |
---|
အင်ဒိုင်းကျေးရွာအုပ်စု | |
---|
အင်ရောင်းကျေးရွာအုပ်စု | |
---|
အနောက်သာဂရကျေးရွာအုပ်စု | |
---|
အရှေ့ငယ်တိုးကျေးရွာအုပ်စု | |
---|
အရှေ့သာဂရကျေးရွာအုပ်စု | |
---|
အုန်းကြောကျေးရွာအုပ်စု | |
---|