ငါန်းဇွန်မြို့
![]() ငါန်းဇွန်မြို့သည် တံတားဦးခရိုင်အတွင်း ဧရာဝတီမြစ်၏ တောင်ဖက်ကမ်းပေါ်တွင် တည်ရှိသည်။ သင်္ဘောဆိပ်ကမ်းမြို့ ဖြစ်သည့်အပြင် ငါန်းဇွန်မြို့နယ်၏ မြို့ပိုင်ရုံးစိုက်ရာလည်း ဖြစ်သည်။ တောင်ဘက်ရှိ မြို့သာမြို့နှင့် ကားလမ်း အဆက်အသွယ်ရှိ ပြီးအရောင်းအဝယ် အသင့်အတင့် စည်ကားသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ ၅၈ စတုရန်းမိုင်မျှ ရှိသည်။ မြန်မာနိုင်ငံ၏ ကျော်ကြားသော ငါန်းဇွန်ထောပတ်မှာ ငါန်းဇွန်မြိုအထင်ကရဒေသထွက် ထောပတ်ဖြစ်သည်။ စိုက်ပျိုးကြသော သီးနှံများမှာ ပဲ၊ ပြောင်း၊ ဆေး၊ ငရုတ် စသည်တို့ဖြစ်၍ စပါးကိုလည်း အနည်းငယ် စိုက်ပျိုးသည်။ ငါန်းဇွန်ဟု အမည်တွင်ရခြင်းမှာ ငန်းစွန်ဟူသော အမည်မှာ ပြောင်းလဲလာခြင်းကြောင့်ဖြစ်သည်ဟု အဆိုရှိသည်။ ငန်းစွန် ဆိုသည့် အမည်ကား၊ ဤဒေသသည် လယ်ယာမြေငန်းတို့၏ အစွန်အဖျားတွင် တည်ရှိခြင်းကြောင့် ထိုအမည်တွင်ခြင်းဖြစ်ကြောင်း၊ ငန်းစွန်၏အနီးတွင် ယခင် ငါန်းမြား ယခု ငါန်းမြာကြီး ဟူသော ဒေသလည်းရှိ၍ ငန်းမြားမှာ လယ်ယာမြေငန်း အများအပြားရှိရာ ဒေသဖြစ်ခြင်းကြောင့် ယင်းသို့အမည်တွင်ရကြောင်း ဆိုလေသည်။ ကိုးကား
|
Portal di Ensiklopedia Dunia