ပြည်ကြီးတံခွန်မြို့နယ်
ပြည်ကြီးတံခွန်မြို့နယ်သည် မန္တလေးမြို့၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ အုပ်ချုပ်မှုတွင် ပါဝင်သောမြို့နယ် ဖြစ်သည်။ ပြည်ကြီးတံခွန်မြို့နယ်တွင် မန္တလေးစက်မှုဇုန် တည်ရှိသည်။ သမိုင်းကြောင်း၁၉၉၂ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ မန္တလေးမြို့ဖွဲ့စည်းပုံပြင်ဆင်ရေးအရ ၁၀.၁၂.၁၉၉၂တွင် ပြည်ကြီးတံခွန်မြို့နယ် ပေါ်ပေါက်လာသည်။[၃] ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၂မိနစ် ၃၀စက္ကန့်နှင့် ၂၁ဒီဂရီ ၉၆မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၅မိနစ် ၃၀စက္ကန့်နှင့် ၉၆ဒီဂရီ ၀၈မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂မိုင်၊ တောင်မှမြောက်သို့ ၄မိုင်ရှိပြီး ၉.၈၉စတုရန်းမိုင် ကျယ်ဝန်းသည်။ နယ်နိမိတ်ပြည်ကြီးတံခွန်မြို့နယ်၏ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊တောင်ဘက်နှင့် အနောက်ဘက်တွင် အမရပူရမြို့နယ်၊မြောက်ဘက်တွင် ချမ်းမြသာစည်မြို့နယ်တို့ တည်ရှိသည်။[၃] မြေမျက်နှာသွင်ပြင်ညီညာပြန့်ပြူးသော မြေပြန့်ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၆ပေတွင် တည်ရှိသည်။ ပရံတော်ချောင်းသည် မြောက်မှ တောင်သို့ စီးဆင်းနေသည်။ လူဦးရေချမ်းမြသာစည်မြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကရင်၊ချင်း၊ရခိုင်၊ကချင်၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[၃]
စီးပွားရေးပြည်ကြီးတံခွန်မြို့နယ်သည် စက်မှုဇုန်များတည်ရှိရာဖြစ်သည်။ မြို့နယ်အတွင်းရှိလူများသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ကြသည်။ မြို့နယ်အတွင်း စပါး၊ဟင်းသီးဟင်းရွက်၊နေကြာ စသည်တို့အနည်းငယ် စိုက်ပျိုးသည်။ စက်မှုဇုန်များတွင် စက်ရုံ ၁၈၇ရုံ၊ အလုပ်ရုံ ၇၈၄ရုံ ရှိသည်။ အိမ်တွင်းစက်မှုလုပ်ငန်း ၂၁၈ခုရှိသည်။[၃] ဈေးများ
ပို့ဆောင်ဆက်သွယ်ရေးမန္တလေးမြို့၏ အကြီးဆုံးကားကွင်းဖြစ်သည့် ချမ်းမြရွှေပြည် (ကျွဲဆည်ကန်)ကားကွင်း တည်ရှိသည်။ ရန်ကုန်-မန္တလေးအမြန်လမ်း၏ မန္တလေးအဝင်မြို့နယ်ဖြစ်သည်။ ပညာရေးအခြေခံပညာအထကအထက်တန်းကျောင်း ၃ကျောင်းရှိသည်။
အထက (ခွဲ)/အလက
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၇ကျောင်းရှိသည်။ ကျန်းမာရေးပြည်နယ်အတွင်း အစိုးရဒေသန္တရဆေးပေးခန်းနှင့် တိုင်းရင်ဆးခန်း ပုဂ္ဂလိကဆေးရုံများလည်းရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia