တောင်သာမြို့
မြင်းခြံခရိုင် တောင်သာမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ တောင်သာမြို့သည် သာစည်-မြင်းခြံ မီးရထားလမ်းနှင့် မော်တော်ကားလမ်းပေါ်၌ တည်ရှိ၍ မြင်းခြံမှ ၁၄ မိုင် ကွာဝေးသည်။ မြို့ပင်ငယ်သော်လည်း အရောင်းအဝယ် အလွန်စည်ကားသည်။ ထင်ရှားသော ထွက်ကုန်များမှာ ထန်းလျက်၊ ဆီ၊ ဝါ၊ နှမ်း၊ ပြောင်းတို့ဖြစ်သည်။ တောင်သာထန်းလျက်သည် ကုန်သည် လောကတွင် ထင်ရှားသည်။ တောင်သာမြို့နယ်၏ အကျယ်အဝန်းသည် စတုရန်းမိုင် ပေါင်း ၅၁၆ မိုင်မျှရှိ၍၊ ၁၉၅၃ မိုင်မျှရှိ၍၊ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၄၁၈ ယောက်ရှိသည်။ [၂] သမိုင်းဖြစ်ရပ်ဆိုး၁၉၄၂ ခု မျက်နှာဖြူတပ်များ အိန္ဒိယသို့ ဆုတ်ခွါစဉ်တွင် ဖြစ်သည်။ ဧပြီလ ၂၃ ရက်တွင် တောင်သာရွာ (ထိုစဉ်က မြို့မဖြစ်သေး) မှ မီတာ ၂၀၀ ခန့်အကွာ၌ စခန်းချစဉ် ရွာမှ မီးခိုးများတက်လာကာ အမျိုးသမီးတချို့ စခန်းချရာဘက်သို့ ပြေးလာသည်။ ရွာထဲသို့ တပ်သားတချို့သွားကာ အကြောင်းရင်းကို မေးမြန်းသော်လည်း ကျေနပ်လောက်သည့်အဖြေ မရသောကြောင့် တွေ့ရသမျှ ရွာသူရွာသားများကိုခေါ်ကာ ချောင်းနားတွင် ပစ်သတ်သည်။ ဤဖြစ်စဉ်ကြောင့် ၂၇ ဦး သေ၏။ ဖြစ်စဉ်တွင် ပါဝင်သူ ဒုဗိုလ် ပတ်ထရစ်က နောင်တွင် ဝန်ခံထုတ်ဖော်သည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia