မဟာအောင်မြေမြို့နယ်
မဟာအောင်မြေမြို့နယ် သည် မန္တလေးမြို့လယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး လူနေထူထပ်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မဟာအောင်မြေခရိုင်၏ ရုံးစိုက်ရာ မြို့နယ်လည်းဖြစ်သည်။ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် ချမ်းမြသာစည်မြို့နယ်၊ မြောက်ဘက်တွင် ချမ်းအေးသာဇံမြို့နယ် တို့က ဝန်းရံလျက်ရှိသည်။ မန္တလေးတက္ကသိုလ်သည် ဤမဟာအောင်မြေမြို့နယ်တွင် တည်ရှိသည်။၂၀၁၄တွင် လူဦးရေ ၂၄၁,၁၁၃ ရှိသည်။[၃] သမိုင်းကြောင်း၁၉၆၂ခုနှစ် မေလ၉ရက်နေ့မှစ၍ ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ်နှင့် ရပ်ကွက် လုံခြုံရေးနှင့်အုပ်ချုပ်ရေးကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ဤမြို့နယ်ကို အမှတ်(၃)နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။၂၉.၆.၁၉၆၈တွင် မန္တလေးမြို့၏ ဖွဲ့စည်းပုံပြောင်းလဲမှုအရ အရှေ့တောင်မြို့နယ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။၁၉၉၂ခုနှစ် ဖွဲ့စည်းပုံပြောင်းလဲမှုတွင် မဟာအောင်မြေမြို့နယ်ဖြစ်လာခဲ့သည်။[၄] ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၇မိနစ်နှင့် ၂၁ဒီဂရီ ၅၈မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၃မိနစ်နှင့် ၉၆ဒီဂရီ ၀၄မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၅.၄မိုင်၊ တောင်မှမြောက်သို့ ၁.၆မိုင်ရှိပြီး ၅.၇၂စတုရန်းမိုင် ကျယ်ဝန်းသည်။[၄] နယ်နိမိတ်မဟာအောင်မြေမြို့နယ်၏ အရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊တောင်ဘက်တွင် ချမ်းမြသာစည်မြို့နယ်၊အနောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်နှင့် မြောက်ဘက်တွင် ချမ်းအေးသာစံမြို့နယ်တို့ တည်ရှိသည်။ မြေမျက်နှာသွင်ပြင်ပင်လယ်ရေမြေနှာပြင်အထက် ပျမ်းမျှ၂၅၀ပေအထက်တွင်တည်ရှိကာ မြေပြန့်လွင်ပြင်သည်။ မြို့နယ်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်က မြောက်မှ တောင်သို့ စီးဆင်းနေသည်။ မြို့နယ်အတွင်းတွင် မဟာနဒီချောင်း၊ရေနီမြောင်း၊ရွှေတချောင်း၊ငွေတချောင်း၊သင်္ဂဇာချောင်းတို့မှ မြောက်မှတောင်သို့ စီးဆင်းနေကာ ကိုလံဘိုချောင်းမှာ အရှေ့မှ အနောက်သို့ စီးဆင်းနေသည်။ လူဦးရေမဟာအောင်မြေမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကချင်၊ရခိုင်၊ကရင်၊ချင်း၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန် ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၀၉၉%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။
စီးပွားရေးမန္တလေးမြို့သည် စီးပွားရေးအချက်အချာကျသော နေရာဖြစ်သည့် အားလျော်စွာ မြို့နယ်များသည်လည်း စီးပွားရေးဖွံ့ဖြိုးသည်။ထို့အပြင် မဟာအောင်မြေမြို့နယ်မှာ မန္တလေးမြို့၏ မြို့လယ်ခေါင်ကျသောမြို့နယ်ဖြစ်ကာ မြို့နယ်အတွင်းနေထိုင်သူများသည် အများအားဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ရွှေဆိုင်းလုပ်ငန်းနှင့် ဖိနပ်လုပ်ငန်းမှာ မြို့နယ်၏ ထင်ရှားလှသော လုပ်ငန်းများဖြစ်သည်။ နိုင်ငံတော်ပိုင် ရတနာပုံသင်္ဘောကျင်းနှင့် ဖယောင်းတိုင်စက်ရုံတို့ တည်ရှိသည်။[၄] ဈေးများ
ပို့ဆောင်ဆက်သွယ်ရေးမဟာအောင်မြေမြို့နယ်၏ အနောက်ဘက်အဆုံးတွင် သမိုင်းဝင်ဂေါဝိန်ဆိပ်ကမ်းတည်ရှိသည်။ ထိုနေရာမှ ဗန်းမော်၊ကသာ၊ညောင်ဦးနှင့် ပြည်မြို့များသို့ ရေကြောင်းခရီးများရှိသည်။ ပြည်ကြီးမြတ်ရှင်ကားကြီးကွင်မှနေ၍ မန္တလေးမြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့များဖြစ်သည့် သီပေါ၊ကျောက်မဲ၊လားရှိုး၊မူဆယ် စသည်တို့သို့ သွားနိုင်သည်။ ပညာရေးအဆင့်မြင့်ပညာအထက်မြန်မာပြည်၏ အကြီးဆုံးဖြစ်သော မန္တလေးတက္ကသိုလ် တည်ရှိသည်။ အခြေခံပညာအထကအထက်တန်းကျောင်း ၃ကျောင်းရှိသည်။
အထက(ခွဲ)/အလက
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၃၇ကျောင်းရှိသည်။ ကျန်းမာရေးဆေးရုံများ
ထင်ရှားသောနေရာများဘာသာရေး
ပညာရေး
ကိုးကား
|
Portal di Ensiklopedia Dunia