ညောင်ဦးမြို့နယ်
ညောင်ဦးမြို့နယ် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မန္တလေးမြို့၏ တောင်ဘက်တွင် တည်ရှိပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ ညောင်ဦးမြို့ဖြစ်သည်။ ညောင်ဦးမြို့နယ်အတွင်းတွင် ပုဂံ၊ညောင်ဦးနှင့် ငါ့သရောက်တို့ပါဝင်သည်၊ သမိုင်းကြောင်းပုဂံ-ညောင်ဦးမြို့သည် ၉ရာစုခန့်တွင် ရွာကြီး ၁၉ရွာ၊ကျေးလက်၁၀၀ကျော်စုစည်းပြီး ပထမနန်းတော်မြို့အဖြစ် တူရွင်းတောင်အရှေ့ဘက် ယုန်လွှတ်ကျွန်း၌လည်းကောင်း၊ ဒုတိယနန်းတော်မြို့ကို သီရိပစ္စယာရပ်၌လည်းကောင်း၊ တတိယနန်းတော်မြို့ကို ဖွားစော(သမထီး)အရပ်၌ တမ္ပဝတီဟူ၍လည်းကောင်း၊ စတုတ္ထနန်းတော်မြို့ကို ယခုမြို့ရိုးနှင့်တကွ ပုဂံမြို့ဟောင်းတွင်တည်ခဲ့သည်။ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်နှင့် ပုဂံမြို့စည်ပင်သာယာနယ်နိမိတ်ကို ၂၅.၉.၁၉၇၃ ရက်စွဲပါစာများဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင် ညောင်ဦးမြို့အားရပ်ကွက်၅ခုဖြင့် စတင်ဖွဲ့စည်းကာ ၂၄-၁၁-၁၉၉၅ခုနှစ်တွင် ရပ်ကွက်တစ်ခုတိုးချဲ့ဖွဲ့စည်းခဲ့သည်။၃၀.၄.၂၀၀၉တွင် ရပ်ကွက်တစ်ခုထပ်မံတိုးချဲ့ကာ ညောင်ဦးမြို့၏ ဧရိယာမှာ ၅၆၁၈ဧကဖြစ်လာသည်။ ပုဂံမြို့အား ၂၅.၉.၁၉၇၃ခုနှစ်တွင် အနော်ရထာရပ်ကွက်နှင့် ကျန်စစ်သားရပ်ကွက်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။၂၄.၁၁.၁၉၉၅တွင် သီရိပစ္စယာ၊ရွှေတွင်း၊အရှေ့ရွာနောင်၊ဂန့်ဂါဟူသော ရပ်ကွက်အသစ်၄ခု ထပ်မံဖွဲ့စည်းခဲ့သည်။ ထို့ကြောင့် မြေဧရိယာ ၆၂၈၉ဧကဖြစ်လာသည်။ ငါ့သရောက်မြို့အား ၂၆.၂.၂၀၀၃တွင် ရပ်ကွက်၄ခုဖြင့်ဖွဲ့စည်းခဲ့သည်။[၂] ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၁မိနစ်နှင့် ၂၅ဒီဂရီ ၁၈မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၃၉မိနစ်နှင့် ၉၅ဒီဂရီ ၁၃မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၁၄မိုင်၊ တောင်မှမြောက်သို့ ၂၃မိုင်ရှိပြီး ၅၇၂.၇၅၅စတုရန်းမိုင် ကျယ်ဝန်းသည်။[၂] နယ်နိမိတ်ညောင်ဦးမြို့နယ်၏ အရှေ့မြောက်ဘက်တွင် တောင်သာမြို့နယ်၊ အရှေ့ဘက်နှင့်အရှေ့တောင်ဘက်တွင် ကျောက်ပန်းတောင်းမြို့နယ်၊ အနောက်တောင်ဘက်တွင် မကွေးတိုင်းရှိ ချောက်မြို့နယ်၊ အနောက်နှင့်အနောက်မြောက်ဘက်တွင် ဧရာဝတီမြစ်ခြားလျက် မကွေးတိုင်းရှိ ပခုက္ကူမြို့နယ်တို့ တည်ရှိသည်။ မြေမျက်နှာသွင်ပြင်ပင်လယ်ရေမြေနှာပြင်အထက် ပျှမ်းမျှ ၂၀၆ပေအထက်တွင်တည်ရှိကာ မြေနိမ့်မြေပြန့်များနှင့် ကုန်းကမူများရှိသောဒေသဖြစ်သည်။ မြို့နယ်၏ အရှေ့တောင်ဘက်၆မိုင်ခန့်အကွာတွင် အရှည်၁၀မိုင်ခန့်ရှိ၍ အမြင့်၁၁၇၁ပေရှိသော တုရင်တောင်တန်းတည်ရှိသည်။ မြို့နယ်အတွင်းတွင် ရေချိုမြစ်ချောင်းများ ပေါများကာ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုသည်။ မြို့နယ်၏ အနောက်ဘက်တွင် ဧရာဝတီမြစ်သည် မြောက်မှတောင်သို့စီးဆင်းနေသည်။ လူဦးရေညောင်ဦးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရှမ်း၊ချင်း၊ရခိုင်၊ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၁၀.၉၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ် စသည့်လူမျိုးများဖြစ်သည်။[၂] စီးပွားရေးညောင်ဦးမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအချက်အချာကျသောမြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ မြို့နယ်၏အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံဖြစ်သည်။ ပုဂ္ဂလိကအလုပ်ရုံ၆ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၅၃ခုရှိသည်။ ဈေးများညောင်ဦး
ပုဂံ
ငါ့သရောက်
ပို့ဆောင်ဆက်သွယ်ရေးညောင်ဦးမြို့နယ်အတွင်းတွင် ညောင်ဦးလေဆိပ်တည်ရှိသည်။ ပုဂံယဉ်ကျေးမှုနယ်မြေအတွက် အရေးပါသောဝင်ပေါက်တစ်ခုလည်းဖြစ်သည်။ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ညောင်ဦးအထိခရီးစဉ်များရှိသည်။ ရန်ကုန်နှင့် မန္တလေးမြို့များသို့ နေ့စဉ်ရထားပြေးဆွဲသည်။ ချောက်-ပျဉ်းမနားရထားလမ်းပေါ်တွင်လည်း တည်ရှိသည်။ ညောင်ဦးမှ ရန်ကုန်၊မန္တလေး၊ပြင်ဦးလွင်၊မုံရွာ၊တောင်ကြီးမြို့များသို့လည်းကောင်း၊ ငါ့သရောက်မှ ရန်ကုန်၊မန္တလေးမြို့များသို့လည်းကောင်း ကားများရှိသည်။ ![]() ပညာရေးအဆင့်မြင့်ပညာအခြေခံပညာအထကအထက်တန်းကျောင်း ၈ကျောင်းရှိသည်။
အထက(ခွဲ)/အလက
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၆၉ကျောင်းရှိသည်။ ကျန်းမာရေးဆေးရုံများ
ထင်ရှားသောနေရာများဘုရား၊ပုထိုး၊စေတီများ
ကိုးကား
|
Portal di Ensiklopedia Dunia