အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့
အကြမ်းဖက်နှိင်နင်းရေးတပ်ဖွဲ့သည် မြန်မာ့တပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ “အကြမ်ဖက်နှိင်နင်းရေး” ဟူသည့် တပ်ဖွဲ့၏ အမည်နာမ၌ပင် အဓိကထမ်းဆောင်ရသော တာဝန်မှာ ပေါ်လွင်နေလေသည်။ ဖွဲ့စည်းပုံအရ တပ်မတော် (ကြည်း)နှင့် ပို၍ဆက်စပ်မှုရှိလေသည်။ သမိုင်းကြောင်းတပ်မတော် (ကြည်း)၏ အထူးစစ်ဆင်ရေးတပ်ဖွဲ့ကို ၁၉၉၆ ခုနစ်တွင် အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ (Special Operations Task Force) အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစတွင် တပ်မတော်အရာရှိကြီးများ၏ လုံခြုံရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် မြို့ပြလုံခြုံရေးအတွက်ပါ အသုံးပြုခဲ့သည်။ ၂၀၁၂ခုနစ်တွင် အထူးတပ်ဖွဲ့သင်တန်းကျောင်းကို စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၃ ခုနစ်တွင် တရုတ်စစ်ကော်မရှင်နာချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် တပ်မတော်မှ အရာရှိငယ် ၄၀ ကို အထူးတပ်ဖွဲ့ သင်တန်းပို့ချရန်နှင့် အထူးတပ်ဖွဲ့အတွက် လေ့ကျင့်ရေးကွင်းဆောက်လုပ်ရန် သဘောတူညီခဲ့သည်။ ပြည်ပသို့ မစေလွတ်မီ တပ်မတော်အထူးတပ်ဖွဲ့မှ အကြမ်းဖက်နှိင်နင်းရေးနှင့် အထူးလုံခြုံရေးတပ်ဖွဲ့နည်းပြများဖြင့် Camp သွင်း လေ့ကျင့်ပေးခဲ့သည်။ နေပြည်တော်တွင် တပ်မတော်အထူးတပ်ဖွဲ့လေ့ကျင့်ရေးကွင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏အကူအညီဖြင့် ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးလျက်သည်။ ၂၀၁၆ ခုနှစ်တွင် တပ်မတော်၏အထူးတပ်ဖွဲ့တစ်ခုအဖြစ် တရားဝင်သတ်မှတ်ခဲ့ပြီး နိုင်ငံ၏အဓိကကျသော မြို့များတွင် အကြမ်းဖက်နှိမ်နှင်းရေးတပ်များ တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံတပ်မတော် (ကြည်း)၏ ဖွဲ့စည်းပုံအတိုင်းဖြစ်သည်။ ကွပ်ကဲမှုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်တွင်ထားရှိပြီး တိုက်ရိုက်ကွပ်ကဲသည်။ အခြားလေ့လာရန်ကိုးကား
|
Portal di Ensiklopedia Dunia