အမှတ်(၄) ခြေလျင်တပ်ရင်း

ခြေလျင်တပ်ရင်းအမှတ် (၄) သည် အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ် (တမခ ၃၃) လက်အောက်ခံ ခြေလျင်တပ်ရင်း တစ်ရင်း ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့တွင် အခြေစိုက်သည်။

ဤတပ်ရင်းသည် ကိုလိုနီခေတ်တွင် ဖွဲ့စည်းခဲ့သော ဗြိတိသျှတို့၏ ဂေါ်ရခါးတပ်ရင်းတစ်ရင်းကို အမည်ပြောင်းလဲထားခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ဗမာ့သေနတ်ကိုင်တပ်ရင်းများနှင့်အတူ ဤတပ်ရင်းသည် သောင်းကျန်းသူများကို တိုက်ခိုက်နှိမ်နင်းခဲ့သည်။ တပ်ရင်း၏ တံဆိပ်တွင် ဂေါ်ရခါးဓားကောက်နှစ်လက်ပါဝင်သည်။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya