ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်
ကရခ
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
ပင်မတပ်ဖွဲ့
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်ဆိုမာလီ
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်မှူးချုပ် ပြည့်စုံလင်း
ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်မျိုးထွန်း
အဆောင်အယောင်များ
အလံတော်

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (အတိုကောက် ကရခ) သည် မြိတ်မြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ၎င်း၏ကမ်းရိုးတန်းဒေသနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။လက်ရှိ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ပြည့်စုံလင်း ဖြစ်သည်။

သမိုင်း

၁၉၉၆ ခုနှစ် မတ်လ ၃ ရက် တွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အဖြစ် စတင်ဖွဲ့စည်း သည်။

ဖွဲ့စည်းပုံ

စစ်ဗျူဟာများ

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူများမှာအောက်ပါအတိုင်း ဖြစ်သည် -

  1. ဗိုလ်ချုပ် သီဟသူရစစ်မောင် (ကြည်း - ၁၁၇၁၆) (စတသ -၁၂)
  2. ဗိုလ်ချုပ် အေးကြွေ (ဗသက - ၄၃)
  3. ဗိုလ်ချုပ် သာအေး (ကြည်း - ၁၃၀၄၁) (စတသ - ၁၆)
  4. ဗိုလ်ချုပ် အုန်းမြင့် (ကြည်း - ၁၃၉၀၃) (စ - ၁၇)
  5. ဗိုလ်ချုပ် မောင်မောင်ဆွေ (ဗသက - ၄၇)
  6. ဗိုလ်ချုပ် ခင်ဇော်ဦး (ကြည်း - ၁၅၀၀၇) (ဗသက - ၅၆)
  7. ဗိုလ်ချုပ် ခင်မောင်ဌေး (ဗသက - ၆၃)
  8. ဗိုလ်ချုပ် မောင်မောင်စိုး
  9. ဗိုလ်ချုပ် လင်းအောင် (ကြည်း - ၁၈၈၂၀) (စတသ -၂၆) (ယခု - ဒုတိယဗိုလ်ချုပ်ကြီး၊ စစ်ရာထူးခန့်ချုပ်)
  10. ဗိုလ်ချုပ် ဝင်းမင်းထွန်း
  11. ဗိုလ်ချုပ် သောင်းထိုက်ရွှေ (ကြည်း - ၂၃၁၈၅) (စတသ - ၃၃)
  12. ဗိုလ်ချုပ် စောသန်းလှိုင် [] (ကြည်း - ၂၇၀၆၅) (စတသ - ၃၇)
  13. ဗိုလ်မှူးချုပ် ကျော်စွာဦး [] (ကြည်း - ၂၆၇၅၃) (တေဇ - ၂၂) (ယခု - အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး)
  14. ဗိုလ်ချုပ် စိုးမင်း (ယခင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး)(မတ် ၂၀၂၄-မေ ၂၀၂၄ ) [] (ကြည်း - ၂၉၄၃၀) (စတသ - ၃၉) (ယခု - နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး)
  15. ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ပြည့်စုံလင်း (မေ ၂၀၂၄-လက်ရှိ) [] (ကြည်း - ၃၀၃၄၅) (စတသ - ၄၀) (ယခင် အမှတ် ၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး နှင့် ယခင် လက်ထောက်စစ်ဦးစီးအရာရှိချုပ် - ကြည်း)

ကိုးကား

  1. ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်CINCDS Myanmar (၃၁ ဇူလိုင် ၂၀၂၃)။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၂၈) နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပMOI Myanmar (၄ မတ် ၂၀၂၄)။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. စစ်တိုင်းမှူးအချို့ အပြောင်းအလဲလုပ်The Irrawaddy (၂၃ မတ် ၂၀၂၄)။ 24 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. နေပြည်တော်တိုင်းမှူးအပါအဝင် ဗိုလ်ချုပ် ၅ ဦး ဖယ်ရှားခံရBBC Burmese (၂၈ မေ ၂၀၂၄)။ ၂၉ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။

နောက်ထပ်ကြည့်ရန်

ဥကရစ်ထတိုက်ပွဲ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya