၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မြန်မာနိုင်ငံ၊ နေပြည်တော်မြို့၌ ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၁၁ရက်မှ ၂၂ရက်အထိကျင်းပသော ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ မြန်မာနိုင်ငံသည် ၁၉၆၁၊ ၁၉၆၉ပွဲတော်များကို အိမ်ရှင်အဖြစ် ၂ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၃ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲ၏ ကနဦးနိုင်ငံများတွင် ပါဝင်သော မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖြစ် အမည်ပြောင်းလဲပြီးနောက် ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်ကာ နှစ်ပေါင်း ၄၄နှစ်ကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၁၁) နိုင်ငံမှ အားကစားသမားပေါင်း ၄,၇၃၀ ခန့်က အားကစားနည်း ၃၃မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အသစ်တည်ဆောက်ပြီးစီးသည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း တွင် ကျင်းပခဲ့သည်။ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်တို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ လက်ခံကျင်းပခြင်းမြန်မာနိုင်ငံသည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်အား ကျင်းပခွင့်ရရန် ဗီယက်နမ်၊ ဖိလစ်ပိုင် ၊ ထိုင်းနိုင်ငံတို့ နှင့်အတူ ကျင်းပပြုလုပ်ခွင့်အား ယှဉ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံသည့် ဒုတိယအကြိမ်မြောက် အားကစားပွဲ ကျင်းပပြုလုပ်ခဲ့ပြီးသည့်အချိန်မှစ၍ ၄၄ နှစ်ကြာမှ နောက်ထပ် ထပ်မံ၍ လက်ခံကျင်းပခွင့်ရခဲ့သည်။ မြန်မာအိုလံပစ် ကော်မတီအား ၂၇ ကြိမ်မြောက်ပွဲတော်အား လက်ခံကျင်းပပြုလုပ်ရန်အတွက် အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် (SEAGF)မှ ၃၁ မေလ ၂၀၁၀ ပြည့်နှစ်က ဂျာကာတာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံအား ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော်အားလက်ခံ ကျင်းပခွင့်ပြုခြင်းကို အာရှအိုလံပစ်ကောင်စီ၏ တရားဝင်စာမျက်နှာတွင် ဇွန်လ ၇ ရက် ၂၀၁၀ပြည့်နှစ်ကကြေညာခဲ့သည့်။ မြန်မာနိုင်ငံသည် ဤပြိုင်ပွဲအား ကျွန်းဆွယ်အားကစားပွဲအမည်ဖြင့် ၁၉၆၁ နှင့် ၁၉၆၉ တို့တွင် ရန်ကုန်မြို့တော်တွင် လက်ခံကျင်းပခဲ့ပြီး ယခုအကြိမ်သည့် တတိယကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်သည် ။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပွဲတော်အား မူလက စင်ကာပူနိုင်ငံတွင်ကျင်းပပြုလုပ်ရန် ဖြစ်သော်လည်း အားကစားကွင်းများ တည်ဆောက်မှုများ မပြီးစီးသေးသည့် အတွက် မြန်မာနိုင်ငံအား လွဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ ကျင်းပရာမြို့နေပြည်တော်တွင် အားကစားနည်းအများစုကျင်းပခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တွင်လည်း ကျင်းပခဲ့သည်။ ကျင်းပရာမြို့များ အားကစားကွင်းများ![]()
မီးရှုးတိုင်မီးရှုးတိုင်ကို ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)ရှေ့မှ စတင်ထွန်းညှိခဲ့ပြီး ဖွင့်ပွဲကျင်းပရာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ပင်မမီးရှုးတိုင် အထိ ကီလိုမီတာ ၃၂၀ သယ်ဆောင်ခဲ့သည်။[၂]ဖွင့်ပွဲကျင်းပနေစဉ် ကွင်းအတွင်း လက်ဆင့်ကမ်းသယ်ဆောင်သူများမှာ အောက်ပါအတိုင်းဖြစ်သည်။
ပြဿနာများမြန်မာအိုလံပစ်ကော်မတီအနေဖြင့် ဤပြိုင်ပွဲအတွက် အားကစားနည်း ၃၃မျိုး ကျင်းပခဲ့သည်။ ထိုအားကစားနည်းများတွင် ကျွမ်းဘား၊ တင်းနစ်၊ သဲသောင်ဘော်လီဘော စသည့် အိုလံပစ်အားကစားနည်းများကို ဖယ်ထုတ်ခဲ့သည်။၎င်းတို့အစား ခြင်းလုံး၊ စစ်တုရင်ကဲ့သို့သော ရိုးရာအားကစားနည်းများကို ထည့်သွင်းခဲ့သည်။ ထိုအချက်များကို မကျေနပ်၍ ဖိလစ်ပိုင်အနေဖြင့် ပြိုင်ပွဲကို သပိတ်မှောက်ကြရန် ဖိလစ်ပိုင်အားကစားကောင်စီအကြီးအကဲက ဖိလစ်ပိုင်အိုလံပစ်ကော်မတီသို့ ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် သမိုင်းတစ်လျှောက်အနည်းဆုံးသော အားကစားအဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။ စင်ကာပူ၊မလေးရှားနှင့် အခြားနိုင်ငံများကမူ အိမ်ရှင်အခွင့်အရေးသာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြိုင်ပွဲပြင်ဆင်မှုများကို ချီးမွမ်းခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံက ဖိလစ်ပိုင်အနေဖြင့် သပိတ်မှောက်ရန်ပြောခြင်းမှာ သိက္ခာမဲ့ကြောင်း ပြောခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၉ခုနှစ်တွင် နယူးကလပ်ပွဲတော်ကို လက်ခံကျင်းပသည့်အခါ အားနစ်ကဲ့သို့သော ဖိလစ်ပိုင်ရိုးရာအားကစားနည်းများကို ထည့်သွင်းခဲ့သည်။[၃] ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၂၀၁၃အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ လူပုံစံနှင့်တူသော မြန်မာပြည်၏ မြေပုံဖြစ်သည်။ မြန်မာပြည်၏မြေပုံအပေါ်တွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ တံဆိပ်အမှတ်အသား ဖြစ်သည့် အဝိုင်းငယ် ၁၁ ခုဖြင့် ပေါင်းစပ်ထားသော ဘောလုံးပုံသည် ပြိုင်ပွဲဝင် အရှေ့တောင်အာရှ နိုင်ငံ ၁၁ နိုင်ငံအားကိုယ်စားပြုသည်။ တံဆိပ်တွင် အသုံးပြုထားသောအဝါ၊ အစိမ်း နှင့်အနီရောင်တို့သည် မြန်မာနိုင်ငံ၏ အလံမှ အမျိုးသားအရောင်များအား ကိုယ်စားပြု ထားသည်။ အဝါရောင်စက်ဝန်းသည် တူညီခြင်းနှင့် ညီအစ်ကို အရင်းအခြာဖြစ်ခြင်းကို ရည်ညွန်းသည်။ အစိမ်းရောင်မှာ သဘာဝအလှတရားများကို မြတ်နိုးခြင်းနှင့် စိမ်းလန်းစီးပွားစနစ်တို့ကို ကိုယ်စားပြုသည်။ အနီရောင်မှာ မြန်မာတို့၏ ရဲရင့်ခြင်းနှင့် ကြိုးစားခြင်းတို့ကို ကိုယ်စားပြုသည်။ လာဘ်ကောင်![]() ၂၀၁၃အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ မြန်မာတို့၏ ရိုးရာ ကံကောင်းခြင်း နိမိတ်ဆောင်သော ဇီးကွက်ဖိုနှင့် ဇီးကွက်မ တစ်စုံဖြစ်သည်။ ဇီးကွက်အဖိုမှာ ရွှေရိုးဖြစ်ကာ အမမှာ မမိုးဖြစ်သည်။ ဇီးကွက် ရုပ်၏ အဓိပ္ပာယ်မှာ အသိဉာဏ်ကြီးခြင်း ၊ တည်ငြိမ်ခြင်းနှင့် မျှတခြင်း ဂုဏ်အင်္ဂါရပ်နှင့် လျှော်ညီသည်ဟု ကမ္ဘာမှ ယူဆထားသကဲ့သို့ မြန်မာမှလည်း မင်္ဂလာရှိခြင်းနှင့် ကံကောင်းခြင်းများကို ယူဆောင်လာသည်ဟု ယူဆကြသည်။ သီချင်း၂၀၁၃ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ သီချင်းမှာ ရောင်စုံဥယျာဉ်ဖြစ်သည်။ တေးရေးလင်းထက်က ရေးသားကာ အဆိုတော် ထူးအယ်လ်လင်းနှင့် ဆုန်သင်းပါရ်တို့က အဓိကသီဆိုထားပြီး ဂီတမိတ်မှ ကျောင်းသား၊ကျောင်းသူများမှ ပံ့ပိုးသီဆိုထားကြသည်။ တေးသီချင်းအတွက် ပြိုင်ပွဲကျင်းပခဲ့ပြီး အဆင့်ဆင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တေးသီချင်းရွေးချယ်ပြီး ဆုပေးပွဲကို ၂၀၁၃ခုနှစ် စက်တင်ဘာ ၂၁ရက်နေ့က ကျင်းပခဲ့သည်။ ထို့အပြင် နှစ်သိမ့်ဆုအဖြစ် ရွေးချယ်ခံထားရသည့် သီချင်း ၅ပုဒ်နှင့် အခြားသီချင်းများကိုလည်း စုစည်းကာ We Love SEA Gamesအမည်ဖြင့် ပြိုင်ပွဲအကြို လှုံ့ဆော်ရေးတေးအယ်လ်ဘမ်ဖြန့်ချိခဲ့သည်။[၄] ပွဲများနှင့်အားကစားဖွင့်ပွဲအခမ်းအနားဖွင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ညနေ ၅ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့ပြီး တေးသံရှင်များမှ အကြိုဖျော်ဖြေခဲ့ကြသည်။ ညနေ ၆ နာရီ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့ ရောက်ရှိလာချိန်တွင် စည်တော်ကြီးနှင့်အတူ မီးရှုးမီးပန်းများဖြင့် ကြိုဆိုခဲ့သည်။ ထို့နောက် ကျောင်းသား ၁၅၀၀ ၏ သရုပ်ဖော်မှုဖြင့် အမှတ်စဉ်ရေတွက်ကာ ဖွင့်ပွဲကို စတင်ခဲ့သည်။ ထို့နောက် မြန်မာ့ဆိုင်းဝိုင်း၊ ပတ္တလား၊ စောင်းတို့ဖြင့် တီးခတ်ဖျော်ဖြေပြီးသည်နှင့် အားကစားသမားများ ချီတက်လာကြသည်။ ထို့နောက် အားကစားဝန်ကြီး ဦးတင့်ဆန်း အမှာစကားပြောကြားပြီး၂၇ ကြိမ်မြောက် ဆီးဂိမ်းဖွင့်လှစ်ကြောင်းကို ဆီးဂိမ်းကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ထွန်းမှ ရောင်စုံမီးရူးမီးပန်းများ ဖောက်ကာ ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ အားကစားနှင့်ဒိုင်လူကြီး အဓိဌာန်တို့ ရွတ်ဆိုပြီးနောက် ဆီးဂိမ်းမီးရူးတိုင် ထွန်းညှိခြင်းကို နိုင်ငံဂုဏ်ကို ဆောင်ခဲ့သော အားကစားသမားဟောင်း ၆ ဦး၊ ယဉ်ကျေးမှုဝန်ကြီးနှင့် မြားပစ်အားကစားသမားတို့မှ ထွန်းညှိခဲ့သည်။ ထို့နောက် အားကစားသမားများ ပြန်လည်ထွက်ခွာခဲ့သည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များ အဖြစ် အမျိုးသားယဉ်ကျေးမှုအမွေအနှစ် မဟာပုဂံ၊ ပွဲဦးအလင်္ကာ၊ ရွှေနိုင်ငံက ကြိုနေမယ်၊အနာဂတ်ကမ္ဘာမြေ ၊မျိုးဆက်သစ်တို့အားမာန်နှင့် သွေးချင်းတို့ဌာနေ မြန်မာပြည် တို့ဖြင့် ဖျော်ဖြေခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ပြန်လည်ထွက်ခွာပြီးနောက် အနုပညာရှင်များကဆက်လက်ဖျော်ဖြေခဲ့သည်။ ကြီးမားလှသော LED စတိတ်၊ Carpet စတိတ်(ကွင်းအလယ်ရှိပိတ်သားအဖြူကို ပရိုဂျက်တာနှင့်ထိုး၍ပုံဖော်ခြင်း)၊ မီးစလိုက်များနှင့် မီးရှုးပန်းများ၊ များပြားလှသော လူဦးရေများဖြင့် တင်ဆက်မှု၊ မြန်မာပြည်မြေပုံတင်ဆက်မှုများသည် မြန်မာပြည်သမိုင်း၌ အကြီးကျယ်ဆုံးသော ဖျော်ဖြေပွဲဖြစ်လာစေသည်။ ထို့အပြင် ၁၉၆၉ ခုနှစ်မှ စတင်ပြီး ကျင်းပခဲ့သော အခမ်းအနားများအနက် အကြီးအကျယ် အခမ်းနားဆုံး ပွဲတော်တစ်ခုအဖြစ် သတ်မှတ်စံချိန်တင်နိုင်ခဲ့သည်။[၅] ![]() ပိတ်ပွဲအခမ်းအနား၂၇ ကြိမ်မြာက် ဆီးဂိမ်းပိတ်ပွဲ အခမ်းအနားကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီမှစ၍ ကျင်းပပြုလုပ်ခဲ့ပြီး တေးသံရှင်များမှ အကြိုဖျော်ဖြေခဲ့ကြသည်။ ညနေ ၆ နာရီ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့ ရောက်ရှိလာချိန်တွင် စည်တော်ကြီးနှင့်အတူ မီးရှုးမီးပန်းများဖြင့် ကြိုဆိုခဲ့သည်။ ထို့နောက် ကျောင်းသား ၁၅၀၀ ၏ သရုပ်ဖော်မှုဖြင့် "We Can Do"စာသားကို ပုံဖော်ကာ ပိတ်ပွဲကို စတင်ခဲ့သည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် အားမာန်ဝင့်ချီရှေ့သို့ချီ၊ တို့မြန်မာခြင်းလုံး၊ ဆင်ရတနာအက၊ ရောင်စုံပန်းများ၏မြစ်ကြေးမှုံ၊ ထာဝရမြန်မာတို့နှင့် စတင်ခဲ့သည်။ ထို့နောက် အားကစားနည်းတစ်မျိုးစီလိုက် အားကစားကွင်းသို့ ဝင်ရောက်လာကာ အားကစားဝန်ကြီး ဦးတင့်ဆန်းမှ ပြိုင်ပွဲဆိုင်ရာများ ရှင်းလင်းတင်ပြပြီး၂၇ ကြိမ်မြောက် ဆီးဂိမ်းပိတ်သိမ်းကြောင်းကို ဆီးဂိမ်းကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ထွန်းမှ ရောင်စုံမီးရူးမီးပန်းများ ဖောက်ကာ ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။ ထို့နောက် ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံကို အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်အလံကို လွှဲပြောင်းပေးခဲ့ပြီး စင်ကာပူနိုင်ငံမှ ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထို့နောက် ပြန်ဆုံမယ် အစီအစဉ်ဖြင့် ပိတ်ပွဲအခမ်းအနားပြီးဆုံးခဲ့သည်။[၇] ပါဝင်သည့်နိုင်ငံများ
အားကစားနည်းများမြန်မာဆီးဂိမ်းတွင် အားကစားနည်းပေါင်း ၃၃ မျိုး ထည့်သွင်းကျင်းပခဲ့သည်။[၁]
ပြက္ခဒိန်
ဆုတံဆိပ်ဇယား၂၇ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွေတံဆိပ် ၄၆၀ခု၊ ငွေတံဆိပ် ၄၆၀ခု၊ ကြေးတံဆိပ် ၆၁၁ခု စုစုပေါင်းဆုတံဆိပ် ၁၅၃၁ ခုချီးမြှင့်ခဲ့သည်။[၇][၈][၉][၁၀] ![]()
* အိမ်ရှင်
မြန်မာရွေတံဆိပ်ဆုရှင် စောမာလာနွယ်(ပြေးခုန်ပစ်)၊ မင်းဇော်ဦး(ကာယဗလ)၊ အင်ဒိုနီးရှား ရေကူး ရွှေနှင့် ငွေတံဆိပ်ဆုရှင် တို့သည် တားမြစ်ဆေးကြောင့် ဆုတံဆိပ်ရုပ်သိမ်းခံရသည်။[၁၁][၁၂][၁၃][၁၄]
ဆက်စပ်ကြည့်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia