နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဌာနချုပ်နေပြည်တော်
ဆောင်ပုဒ်နယ်စပ်​ဒေသနှင့် တိုင်းရင်းသားလူမျိုးများ အမြန်ဖွံ့ဖြိုးတိုးတက်ရမည်
ဝန်ကြီးများဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း​နောင်
မိခင်အဖွဲ့အစည်းနယ်စပ်ရေးရာ ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်moba.gov.mm

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (အင်္ဂလိပ်: Progress of Border Areas and National Races Development) သည် နယ်စပ်ရေးရာ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။

ဦးစီးဌာနနောက်ခံသမိုင်းကြောင်း

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်နိုင်ရန်အတွက် အရာထမ်း (၄၉) ဦး၊ အမှုထမ်း (၁၅၈) ဦး၊ ဝန်ထမ်းစုစုပေါင်း (၂၀၇) ဦးဖြင့် ဖွဲ့စည်းထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံးအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့၏လက်အောက်တွင် သီးခြားရုံးတစ်ရုံးအဖြစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့စွဲပါ ရုံးအမိန့်အမှတ်စဉ် (၁၇/၉၂) ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဆက်လက်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် အဖွဲ့အစည်းများ ပိုမိုများပြားလာသည့်အလျောက် ယင်းတို့ အခြေပြုရာဒေသများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ပေးနိုင်ရန်အတွက် ဖွဲ့စည်းပုံ ပြန်လည်ပြင်ရေးဆွဲထားသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံး ဖွဲ့စည်းပုံ (မူကြမ်း) အား ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့ ဝန်ကြီးများရုံးရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုယ်တိုင်တက်ရောက်၍ အသေးစိတ် စိစစ်ပြင်ဆင်ဖြည့်စွက်ပြီး ဦးစီးဌာနရုံးအဖြစ် ဖွဲ့စည်းရေး လမ်းညွှန်ခဲ့သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှုန်ချက်နှစ်အညီ ရေးဆွဲ ပြုစုထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဖွဲ့စည်းပုံအား ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄၀/၉၅) တွင် တင်ပြခဲ့ရာ အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိုခဲ့သဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံးကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အဖြစ် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဖွဲ့စည်းပုံကို နယ်ဘက် အရာထမ်း (၁၉၄) ဦး၊ အမှုထမ်း (၁၉၆၄) ဦး၊ စစ်ဘက်အင်ဂျင်နီယာ တပ်ရင်းအရာရှို (၁၀၅) ဦး၊ အခြားအဆင့် (၃၄၂၀) ဦး၊ စုစုပေါင်း (၅၆၈၃) ဦး ဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့သည်။

ယခု ပြည်ထောင်စုအစိုးရလက်ထက်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂ဝ၁၅) မှ သဘောတူခွင့်ပြုချက်အရ နယ်ဘက်ဝန်ထမ်းအရာထမ်း (၃ဝ၁) ဦး၊ အမှုထမ်း (၁၉၆၇) ဦး၊ စုစုပေါင်း (၂၂၆၈) ဖြင့် ဖွဲ့စည်းခွင့်ရရှိခဲ့သည်။[]

နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာစေရေး နှင့် နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဟူသော ဦးစီးဌာန၏ မူဝါဒ သုံးချက်အရ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ပြည်နယ်(၇) ခု၊ တိုင်း (၂) ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆) ခုတို့၏ အကျယ်အဝန်းမှာ ခန့်မှန်းစတုရန်းမိုင် (၈၄၆၉၆.၄၉) ရှိ၍ အကျုံးဝင်သည့်မြို့နယ်(၇၀) မြို့နယ်ရှိပြီး ယင်းဒေသများတွင် နေထိုင်လျက်ရှိသော လူဦးရေမှာ (၈.၃၉) သန်းကျော်ခန့်ရှိသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆောင်ပုဒ်

'နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ အမြန်ဖွံ့ဖြိုးတိုးတက်ရမည်'[]

ဦးစီးဌာနရည်ရွယ်ချက်

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ

  • ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည့်တံခိုင်မြဲရေးဟူသော ဦးတည်ချက်များနှင့်အညီ နယ်စပ် ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား အထောက်အကူပြု အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန်။
  • ပြည်ထောင်စုအတွင်းရှိ နယ်မြေများ အကြားအလပ်မရှိ မျှတအချိုးညီစွာ ဖွံ့ဖြိုး တိုးတက်ရေး အလေးထားဆောင်ရွက်ရန်။
  • တိုင်းရင်းသားလူမျိုးအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရန်၊
  • အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မူးယစ်ဆေးဝါးစိုက်ပျိုးမှု လုံးဝ ချုပ်ငြိမ်းစေရန်၊
  • နယ်စပ်ဒေသ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေးတို့ကို ထိန်းသိမ်းရန်။[]

ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ (၄) ရပ်အနက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အေက်ပါမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ပါသည်-

  • နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊
  • နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး၊
  • နယ်စပ်ဒေသတွင်နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး။

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက် (၇) ရပ်အနက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အေက်ပါရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပါသည်-

  • နယ်စပ်ဒေသ၏လုံခြုံရေး၊တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေးတို့ကိုထိန်းသိမ်းရန်၊
  • နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းဖြင့် တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊
  • နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာထွန်းကားပြန့်ပွားစေရန်၊
  • တိုင်းရင်းသားလူငယ်များ မိမိဒေသ၏ ဖွံ့ဖြိုးရေးတာဝန်များကိုအသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်စေရန်၊

နယ်စပ်‌ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ် (၁၈) ရပ်ရှိသည့်အနက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အောက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပါသည်-

  • နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးဖွံ့ဖြိုးရေးဒေသများ သတ်မှတ်ဆောင်ရွက်မည်၊
  • နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို နှစ်ရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်မည်၊
  • နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ အတည်ပြုချမှတ်ပေး ထားသော နှစ်တို၊ နှစ်ရှည် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်၊
  • နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသော ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရွက်မည်၊
  • နယ်စပ်ဒေသများ၏ လူမှုစီးပွားဘ၀ အခြေခံအဆောက်အအုံများကို နှစ်အလိုက် စီမံကိန်းများဖြင့် တည်ထောင်ပေးမည်-
  1. လမ်းတံတားလုပ်ငန်း
  2. ရေရရှိရေးလုပ်ငန်း [ (၁၁) စိုက်ပျိုးရေရရှိရေ၊ (၂၂) သောက်သုံးရေရရှိရေး ]
  3. သာသနာရေးလုပ်ငန်း၊
  4. ငြိမ်းချမ်းရေးအတွက်တည်ဆောက်မှုလုပ်ငန်း [ (၁၁) လမ်းတံတားလုပ်ငန်း၊ (၂၂) ပညာရေးလုပ်ငန်း၊ (၃၃) ကျန်းမာရေးလုပ်ငန်း၊ (၄၄) အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း]]
  • ဖွံ့ဖြိုးရေးဒေသရှိ တိုင်းရင်းသားလူမျိုးများ ဗဟုသုတ ပွားများစေရေး ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ ချမှတ်ပေးခြင်းများ ဆောင်ရွက်မည်၊
  • တိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒနှင့်အညီ တိုင်းရင်းသားလူမျိုးရေးရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်မည်၊
  • နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာထွန်ကားပြန့်ပွားရေး လုပ်ငန်းစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်မည်၊
  • ဘိန်းစိုက်ပျိုးခြင်းအစား စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ထူထောင်ပေးခြင်းများ ဆောင်ရွက်မည်၊
  • နယ်ခြားနယ်နိမိတ် ကျောက်တိုင်များ၊ အထိမ်းအမှတ်များကို ထိန်းသိမ်း စောင့်ရှောက် ခြင်းများဆောင်ရွက်မည်၊
  • နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရန် စီမံဆောင်ရွက်မည်။ []

ဦးစီးဌာနဖွဲ့စည်းပုံ

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်အောက်တွင် အောက်ပါအတိုင်း ရုံးဌာနများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်-

တိုင်းဒေသကြီး/ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများ

စဉ် ဒေသ ပြည်နယ်/တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ပြည်နယ်ခွဲရုံး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး
မြစ်ကြီးနား
တောင်ကြီး ၁၈
လွိုင်ကော်
ဘားအံ
မော်လမြိုင်
ထားဝယ်
စစ်တွေ
မုံရွာ
ဟားခါး
၁၀ မိတ္ထီလာ
၁၁ ရန်ကုန်
စုစုပေါင်း ၂၅ ၅၇

[]

နယ်စပ်ဒေသဖွံ့ဖြိုးရေး ပင်မစီမံကိန်း

နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပင်မစီမံကိန်းတစ်ရပ် ရေးဆွဲ၍ ၁၉၉၃-၉၄ ဘဏ္ဍာရေးနှစ်မှ ၁၉၉၅-၁၉၉၆ ဘဏ္ဍာရေးနှစ်အထိ ပထမနှစ်တို (၃) နှစ် စီမံကိန်း၊ ၁၉၉၆-၁၉၉၇ ဘဏ္ဍာရေးနှစ်မှ ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်အထိ ပထမနှစ်လတ် (၅) နှစ် စီမံကိန်းနှစ် ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှ ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်အထိ ဒုတိယနှစ်လတ် (၅) နှစ် စီမံကိန်း၊ စုစုပေါင်း စီမံကိန်းကာလ (၁၃) နှစ် သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာမှ ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ်စီမံကိန်း (၆) ခုခွဲကာ နှစ် (၃၀) စီမံကိန်း ရေးဆွဲ ဆောင်ရွက်ခဲ့သည်။ ယခုအခါ ပြောင်းလဲလာသောခေတ်နှင့်အညီ နယ်စပ်ဒေသဘက်စုံဖွံ့ဖြိုးရေး နှစ်(၂၀) နှစ်ရှည်စီမံကိန်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်ထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။[]

ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများ

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ပါနိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

  • အိန္ဒိယနိုင်ငံ
  • Japan International Cooperation Agency (JICA)
  • Swiss Agency for Development and Cooperation (SDC)
  • United Nations Development Programme (UNDP)
  • United Nations High Commissioner for Refugees (UNHCR)
  • World Food Programme (WFP)
  • Bridge Asia Japan (Nippon Foundation)
  • Groupe de Recherches et d'Echanges Technologiques (GRET)
  • Malteser International
  • SWISSAID
  • Welthungerhilfe (Whh)
  • World Vision
  • Terra People Association (TPA)
  • Association of Medical Doctors of Asia (AMDA)


ကိုးကား

  1. ဦးစီးဌာနနောက်ခံသမိုင်းကြောင်း။ 25 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 June 2020 တွင် ပြန်စစ်ပြီး။
  2. နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဆောင်ပုဒ်။ 25 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2020 တွင် ပြန်စစ်ပြီး။
  3. ဦးစီးဌာနရည်ရွယ်ချက်။ 25 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2020 တွင် ပြန်စစ်ပြီး။
  4. ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ။ 27 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 June 2020 တွင် ပြန်စစ်ပြီး။
  5. ဦးစီးဌာနဖွဲ့စည်းပုံ။ 27 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2020 တွင် ပြန်စစ်ပြီး။
  6. နယ်စပ်ဒေသဖွံ့ဖြိုးရေး ပင်မစီမံကိန်း။ 27 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2020 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya