ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန
ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန (အင်္ဂလိပ်: Education and Training Department) သည် နယ်စပ်ရေးရာ ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။ သမိုင်းကြောင်းနယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌမှ နယ်စပ်ဒေသရှိတိုင်းရင်းသားလူငယ်များကို အခြေခံ ပညာနှင့် အဆင့်မြင့်ပညာရပ်များ ပိုမိုသင်ကြားလေ့ကျင့်ပေးပြီး မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးတွင် တာဝန် ထမ်းဆောင်နိုင်မည့် တိုင်းရင်းသားလူငယ် အသိပညာရှင်၊ အတတ်ပညာရှင်များကို ပြုစု ပျိုးထောင်သင်ကြား လေ့ကျင့်ပေးရန် နှင့် နယ်စပ်ဒေသရှိ အမျိုးသမီးငယ်များအား အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာရပ်များတတ်မြောက်စေရန်အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနတွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အား ၁၉၉၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။[၁] ဖွဲ့စည်းပုံပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်၏ ကွပ်ကဲမှုဖြင့် အဆင့်မြင့်နှင့် အခြေခံဟူ၍ ဌာနနှစ်ခုခွဲပြီး လုပ်ငန်းများကြီးကြပ် ဆောင်ရွက်နေသည်။ အဆင့်မြင့်ဌာနအဆင့်မြင့်ဌာနခွဲတွင် ပါမောက္ခချုပ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)၊ ကျောင်းအုပ်ကြီး ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန် နှင့်စစ်ကိုင်း) နှင့် ဗဟိုလေ့ကျင့်ရေးကျောင်း တို့ ပါဝင်သည်။ အခြေခံဌာနအခြေခံဌာနခွဲတွင် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး ပရဟိတ(ကျား)ကျောင်း အပါအဝင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (၄၄) ကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(၉)ကျောင်း နှင့် အသက်မွေးမှု ပညာလေ့ကျင့်ရေး သင်တန်းကျောင်း (စက်ပြင်/အလုပ်ရုံ) (၁)ကျောင်းပါဝင်ကြပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (၄၁)ကျောင်း ပါဝင်သည်။ ရည်ရွယ်ချက်ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ရည်ရွယ်ချက်များမှာ
ရည်မှန်းချက်
လုပ်ငန်းစဉ်များ
လူငယ်သင်တန်းကျောင်းများပြည်ထောင်စု တိုင်းရင်းသား လူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမို စည်းလုံးချစ်ခင်လျက် ပြည်တောင်စုစိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များ ဖြစ်လာစေရန်နှင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်လုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်း စောင့်ရှောက်သော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ ကို ဖွင့်လှစ်သင်ကြားပေးနေသည်။ တိုင်းရင်းသားလူငယ်ကျောင်းသားများအား စားဝတ်နေရေး၊ ပညာသင်ကြားရေးစရိတ်များ ကို ဦးစီးဌာနမှ ကုန်ကျခံပေးလျက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာများ သင်ကြားပေးသည်။ အထက်တန်းအဆင့်ပညာများ သင်ကြားရာတွင် စာမေးပွဲကို အထောက်အကူပြုသည့် အထူးထုတ်စာစောင်များ ပေးပို့ခြင်း၊ အတွေ့အကြုံရင့်ကျက်သော ဆရာများဖြင့် အချိန်ပိုသင်ကြားပေးခြင်းတို့ ဆောင်ရွက်ပေးနေသည်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် လူငယ်သင်တန်းကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသားအင်အားမှာ ကျောင်းသား ၂၇၀၁ ယောက်၊ ကျောင်းသူ ၆၂၆ ယောက်၊ စုစုပေါင်း ၃၃၂၇ ယောက်ဖြစ်သည်။[၂] နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း များအပြင် ပရဟိတ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်ကြီးများ၏ ဒေသအလိုက် မေတ္တာရပ်ခံချက်များအပေါ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီမှ ခွင့်ပြုချက်အရ အထောက်အပံ့ခံ ကျောင်းများအဖြစ် သတ်မှတ်ပြီး ကျောင်းသားတစ်ဦး တစ်နေ့လျှင် ဆန်နို့ဆီဗူး (၂)ဗူးနှုန်းဖြင့် အထောက်အပံ့ခံကျောင်း (၂၄)ကျောင်းအား ထောက်ပံ့ပေးလျက်ရှိသည်။ စက်မှုလက်မှုပညာသင်တန်းကျောင်းများနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(မိုင်းလား၊ ပန်ဆန်း၊ လောက်ကိုင်)တို့ကို ၂၀၀၆ ခုနှစ်မှစ၍ လည်းကောင်း၊ လပွတ္တာ စက်မှုလက်မှုပညာသင်တန်းကျောင်းအား ၂၀.၆.၂၀၁၁ ရက်နေ့တွင် လည်းကောင်း၊ဘားအံ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်းကို ၁၁.၂.၂၀၁၄ ရက်နေ့တွင် လည်းကောင်း ဖွင့်လှစ်ခဲ့သည်။ Bridge Asia Japan (BAJ) နှင့်ပူးပေါင်း၍ အသက်မွေးမှုပညာလေ့ကျင့်ရေးကျောင်း (စက်ပြင်/အလုပ်ရုံ)ကို နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (စစ်တွေ)၌ ၂၀၀၁ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထိုမှ တိုင်းရင်းသားလူမျိုးများ ပရဟိတ (ကျား)ကျောင်း၊ ရန်ကုန်မြို့သို့ ၈.၃.၂၀၀၉ ရက်နေ့တွင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး စက်ပြင်အတတ် ပညာသင်တန်း၊ လျှပ်စစ်ဂဟေဆက်သင်တန်း၊ အခြေခံလျှပ်စစ်နှင့် အီလက်ထရောနစ်သင်တန်း တို့ကို သင်တန်းကာလ (၆)လ သတ်မှတ်သင်ကြားလေ့ကျင့်ပေးလျက် သင်တန်းတက်ရောက် အောင်မြင်သူများအား ဂျပန်နိုင်ငံမှ စက်ပြင်အဆင့်(၃)နှင့် ညီသော အောင်လက်မှတ် ချီးမြှင့်ပေးသည်။ အိမ်တွင်းမှုသင်တန်းကျောင်းများအမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ စုစုပေါင်း ၃၇ ကျောင်းဖွင့်လှစ်ထားပြီး အောက်ပါသင်တန်းများကို သင်ကြားလေ့ကျင့် ပေးလျက် ရှိသည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ၁၉၉၂ ခုနှစ်မှ ယနေ့အထိ သင်တန်းသူဦးရေမှာ စုစုပေါင်း ၅၁၉၀၀ ဦး ပညာသင်ကြားခဲ့ပြီး ဖြစ်သည်။ [၃] ကိုးကား
|
Portal di Ensiklopedia Dunia