မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတ္ကသိုလ် (အင်္ဂလိပ်: Myanmar Aerospace Engineering University) သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် တည်ရှိပြီး လေကြောင်း နှင့် အာကာသ ဆိုင်ရာ အင်ဂျင်နီယာ ပညာရပ်များကို ပို့ချပေးနေသော တက္ကသိုလ် တစ်ခု ဖြစ်သည်။ လေကြောင်း နည်းပညာ များနှင့်ပတ်သတ်သော ဘွဲ့ကြိုသင်တန်း ဘွဲ့လွန်သင်တန်းများကို တက်ရောက်သင်ယူနိုင်သည်။[၁] သမိုင်းမြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မတည်တောင်သေးခင် အချိန်က ရန်ကုန်နည်းပညာတက္ကသိုလ် (RIT)သည် လေကြောင်းအင်ဂျင်နီယာပညာရပ်များကို သင်ကြားနိုင်သော မြန်မာနိုင်ငံရှိ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည်။ လေကြောင်းအင်ဂျင်နီယာသင်တန်းကို ၁၉၉၁ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၇ တွင် လေကြောင်းအာကာသအင်ဂျင်နီယာ သင်တန်းအဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။[၃] ၂၀၀၂ တွင် စစ်အစိုးရသည် တရုတ်နှင့်ရုရှား ထံမှ အကူအညီ ရယူ၍ မြန်မာလေတပ် ဌာနချုပ် တည်ရှိရာ မိတ္ထီလာမြို့တွင် တည်ဆောက်ခဲ့သည်။[၄] မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်(မိတ္ထီလာ)အား ၂၀၀၂ ခုနှစ် ဩဂုတ် ၁ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။[၅] ပရိဝုဏ်တက္ကသိုလ် ပရိဝုဏ်မှာ ၁၁၅.၈၄ ဧက ကျယ်ဝန်းသည်။ ရန်ကုန်-မန္တလေး ကားလမ်းဘေး မြေပြင်အတတ်သင်လေတပ်စခန်း အနီးတွင် တည်ရှိသည်။ [၅] သင်တန်းများခြောက်နှစ် သင်ယူရမည် လေကြောင်းအင်ဂျင်နီယာ သင်တန်း များ (BE) တစ်နှစ် သင်ယူရမည် ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်သည်။[၁] ဘွဲ့
ဘွဲ့လွန်ဒီပလိုမာ
ဒီပလိုမာ
အဓိကဌာနများ
ကိုးကား
|
Portal di Ensiklopedia Dunia