ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) (အတိုကောက် ဒကစ(စစ်တွေ)) သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အခြေစိုက်သည်။ ဒကစ(စစ်တွေ)၏ အဓိကတာဝန်မှာ နပခ နှင့်အလှမ်းဝေးသော စစ်တွေမြို့နှင့် ၎င်းအနီးတဝိုက်ဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ ၎င်းနယ်မြေအတွင်းရှိသော လက်အောက်ခံတပ်များ၊ အခြား လက်ရုံး/ ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိ ဒကစ(စစ်တွေ)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ဆန်းထေးမောင် ဖြစ်သည်။ သမိုင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့်အလှမ်းဝေးသော စစ်ရေးတွင် မဟာဗျူဟာအရ အရေးပါသည့် စစ်တွေမြို့နှင့် ၎င်းအနီးတဝိုက်ဒေသများကို ထိန်းချုပ်နိုင်ရန် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် လက်အောက်ခံ တပ်ရင်း (၅) ရင်းသာရှိသော်လည်း ကွပ်ကဲမှု နယ်မြေအတွင်းရှိ လက်ရုံး/ဝန်ထမ်းတပ်များ၊ စကခ(၉)၊ စကခ(၁၅) နှင့် ၎င်းတို့၏ လက်အောက်ခံတပ်များကိုပါ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ကြီးကြပ်ကွပ်ကဲရသည်။ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံးဒကစရုံးတွင် အောက်ပါအတိုင်း လုပ်ငန်းအလိုက် ဌာနများ ခွဲ၍ ဖွဲ့စည်းထားသည် - ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ရုံး
ဒုတိယ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး ရုံး
စစ်ဦးစီးမှူး(ပထမတန်း)ရုံး
အုပ်ချုပ်ရေး တပ်ခွဲရုံး
လက်အောက်ခံ ခြေလျင်/ ခြေမြန်တပ်များဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
ကွပ်ကဲမှုအောက် အကူလက်ရုံး/ ဝန်ထမ်း တပ်များ
ဒကစ(စစ်တွေ)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ
ကိုးကားနောက်ထပ်ကြည့်ရန် |
Portal di Ensiklopedia Dunia