ကေလာသ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကေလာသ တောရိုင်းတိစ္ဆာန်ဘေးမဲ့တောသည်မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် တည်ရှိပြီး ဧရိယာသည် ၂၄ စတုရန်းကီလိုမီတာသာ ရှိပြီး လမ်းမြေများဖြင့် ဝန်းရံထားသည်။ ဒေသခံများကို လယ်ယာလုပ်ငန်းများလုပ်ကိုင်ခွင့်နှင့် ကျွန်းသစ်နှင့် သစ်ထုတ်ကုန်မှတပါး အခြားသစ်များကို သုံးစွဲခွင့်ပြုထားသည်။ တည်နေရာမြောက်လတ္တီတွဒ်၁၇°၁၃'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၀၇'၊ ဘီလင်းမြို့၊ မွန်ပြည်နယ်တွင်ရှိသည်။ ၂၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး စတင်တည်ထောင်သည့် ခုနှစ်မှာ ၁၉၄၂ ခုနှစ် ဖြစ်သည်။ သဘာဝအရင်းအမြစ်များရွက်ကြွေတော နှင့် အမြဲစိမ်းတော အမျိုးအစားများဟာ ကေလာသဘေးမဲ့တော၏ သစ်တောအမျိုးအစားများဖြစ်ကြသည်။၁၉၉၆ခုနှစ်တွင် လေ့လာခဲ့သော စာရင်းဇယားများအရ ကျားသစ်၊ ဆီးရိုးတောဆိတ်(serow)၊ ချေ၊ (ဂျီ)၊ ဆတ်၊ တောဝက်၊ မျောက်မျိုးကွဲများ၊ တောကြက်၊ ရစ်ငှက်၊ အောက်ချင်းငှက် နှင့် ဒေါင်းများရှိသည်ဟု သိရသည်။ ခြိမ်းခြောက်နေသောအန္တရာယ်များရွေ့ပြောင်းတောင်ယာလုပ်ကိုင်ကြခြင်းများဟာ ဘေးမဲ့တော၏ နယ်နမိတ်ကို တဖြည်းဖြည်းထိစပ်လာနေကြသည်။ သစ်ခိုးထုတ်ခြင်းများနှင့် တရားမဝင် တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခြင်း အသင့်အတင့်ရှိနေပြီး လတ်တလော ခြိမ်းခြောက်နေသာ အန္တရာယ်ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများခရီးသွားလာရေးလုပ်ငန်းများဘုန်းတော်ကြီးကျောင်းများ ဘုရား၊စေတီ၊ပုထိုးများရှိနေခြင်းကြောင့် ဒေသတွင်းဘုရားဖူးခရီးသွားဧည့်သည်များ များစွာလည်ပတ်လေ့ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia