မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် နွားထိုးကြီးမြို့နယ်၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသည်။ ခရီးသွားလာရေးလုပ်ငန်းများ တိုးတက်စေရန်နှင့် ခြောက်သွေ့တော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။[၁] တည်နေရာမြောက်လတ္တီတွဒ်၂၁°၂၅'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၄၇' နွားထိုးကြီးမြို့နယ်၊ မြင်းခြံခရိုင်၊ မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိသည်။ စတုရန်းကီလိုမီတာအားဖြင့် ၂၃ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ သမိုင်းကြောင်းမင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား ၁၉၀၃ ခုနှစ်တွင် မင်းကုန်တောင်ရှားနှင့် ထင်းကြိုးဝိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် ရည်ရွယ်ကြောင်း ကြေညာခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မင်းစုံတောင် ဘေးမဲ့တောအဖြစ် သတ်မှတ်တည်ထောင်ခဲ့သည်။ သဘာဝအရင်းအမြစ်များဧရိယာတစ်ခုလုံးတွင် ခြောက်သွေ့တောများဖုံးလွမ်းထားပြီး၊ မြန်မာ့ဒေသမျိုးရင်း(၃)ဖြစ်သော စွေ့ငှက်(White-throated Babbler)၊ နဖားကြူး(Hooded Treepie)၊ မြန်မာဘီလုံး(Burmese Bushlark)တို့အပါအဝင် ငှက်မျိုးစိတ်ပေါင်း (၇၀)ကျော် ကျက်စားနေထိုင်ကြသည်။ ချေ(ဂျီ)၊ ကြောင်ကတိုး၊ ရှဉ့်၊ ကြွက်နှင့် လင်းနို့များလည်း ကျက်စားနေထိုင်ကြသည်။ တွားသွားသတ္တဝါ (၂၆)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၉)မျိုး၊ လိပ်ပြာအမျိုးပေါင်း (၅၀)ကျော်လည်း စစ်ဆေးစာရင်းတွင်ရှိသည်။ အဓိကအားဖြင့် မျိုးတုံးလုနီးပါးဖြစ်နေသော မြန်မာ့ဒေသမျိုးရင်း မြန်မာ့ကြယ်လိပ်များကို တွေ့ရသည်။ ခြိမ်းခြောက်နေသောအန္တရာယ်များတောမီးများလောင်ကျွမ်းမှုသည် မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် ဇီဝမျိုးကွဲများ၏ အဓိကခြိမ်းခြောက်နေသာအန္တရာယ်ဖြစ်နေသည်။ တခြားပြဿနာတစ်ခုမှာ နိုင်ငံခြားဈေးကွက်သို့တင်သွင်းရန်(အထူးသဖြင့် ဂျပန်နိုင်ငံသို့ အိမ်မွေးတိရစ္ဆာန်အဖြစ်) ကြယ်လိပ်များဖမ်းဆီးမှုဖြစ်သည်။ ရံဖန်ရံခါတွင် ဒေသခံပြည်သူများက ထင်းရရန်အလိုငှာ ထိန်းသိမ်းထားသောသစ်တောများခုတ်ယူခြင်းနှင့် တိရစ္ဆာန်စားကျက်မြေအဖြစ် အသုံးပြုခြင်းများဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများသုတေသနလုပ်ငန်းများကယ်လီဖိုးနီးယားသိပ္ပံအကယ်ဒမီနှင့် ချိတ်ဆက်၍ တွားသွားသတ္တဝါနှင့် ကုန်းနေရေနေသတ္တဝါဆိုင်ရာ လေ့လာရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။ ခရီးသွားလာရေးလုပ်ငန်းလမ်းပန်းဆက်သွယ်ရေးကြည့်ရှု့လေ့လာနိုင်သောအခွင့်အလမ်းများကိုးကား
|
Portal di Ensiklopedia Dunia