ပါစာ သဘာဝထိန်းသိမ်းရေးနယ်မြေ

Parsar Protected Area
IUCN category IV (habitat/species management area)
Parsar Protected Area၏ တည်နေရာပြ မြေပုံ
Parsar Protected Area၏ တည်နေရာပြ မြေပုံ
အနီးဆုံး မြို့တာချီလိတ်မြို့နယ်
ကိုဩဒိနိတ်20°31′N 100°00′E / 20.517°N 100.000°E / 20.517; 100.000ကိုဩဒိနိတ်: 20°31′N 100°00′E / 20.517°N 100.000°E / 20.517; 100.000
ဧရိယာ၇၆.၅၃ km2 (၂၉.၅၅ sq mi)[]
ဖွဲ့စည်း၁၉၉၆

ပါစာ သဘာဝထိန်းသိမ်းရေးနယ်မြေသည် တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ်တွင် တည်ရှိသည်။ သစ်တောကြိုးဝိုင်းအဖြစ် ၁၉⁠၉၆ ခုနှစ်ထိရှိခဲ့ပြီး၊ the Pagoda of Lwan Lin town အနီးတဝိုက်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် ရှမ်းလူမျိုးဖြစ်သော မိုင်းဖုံ( Maing Fone)ဆရာတော်ဘုရား၏ ကျေးဇူးတော်ကြောင့် ၁၉⁠၉၆ ခုနှစ်တွင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။

တည်နေရာ

မြောက်လတ္တီတွဒ်၂၀°၃၁'၊ အရှေ့လောင်ဂျီတွဒ် ၁၀၀°၀၀'၊ တာချီလိတ်မြို့နယ် ရှမ်းပြည်နယ်တွင် တည်ရှိသည်။ စတုရန်းကီလိုမီတာ ၇၇.၃ ကီလိုမီတာ ကျယ်ဝန်းသည်။[]

သဘာဝရင်းမြစ်များ

သစ်တောဝန်ထမ်းများ၏ ပြောကြားချက်အရ ပသျှူးဝက်ဝံ(နေဝက်ဝံ ဟုလည်းခေါ်ကြသည်) (Ursus malayanus) ရှိသည်ဟု သိရသည်။

ခြိမ်းခြောက်နေသောအန္တရာယ်များ

ရွေ့ပြောင်းတောင်ယာများက သဘာဝထိန်းသိမ်းရေးနယ်မြေအား ထိုးနှက်လျက်ရှိသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

သစ်တောဦးစီးဌာန(ကျိုင်းတုံ) ၏ လက်အောက်တွင်တည်ရှိသည်။ လုံခြုံရေးပြဿနာများကြောင့် စီမံကိန်းများပြုလုပ်နိုင်ခြင်းမရှိပေ။

ခရီးသွားလာရေးလုပ်ငန်း

လုံခြုံရေးကန့်သတ်ချက်များကြောင့် ဒေသခံများသာ ဘုရားဖူးအနေဖြင့် လာရောက်လေ့ရှိပြီး၊ နိုင်ငံခြားသားခရီးသွား ဧည့်သည်များသည် တာချီလိတ်မြို့တွင်းထိသာ အထူးဗီဇာဖြင့် ခွင့်ပြုသည်။ ထိုင်းနိုင်ငံနယ်စပ်မှာတဆင့် သို့တည်းမဟုတ် ရန်ကုန်မြို့မှ တဆင့် လေယာဉ်ဖြင့် သွားရောက်နိုင်သည်။

ကိုးကား

  1. World Database on Protected Areas (2019)။ Parsar Protected Area
  2. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝမှုသစ်တောဦးစီးဌာန။ 23 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဇန်နဝါရီ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  1. Report: Myanmar Protected Area (2011)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya