လေညာ အမျိုးသားဥယျာဉ်လေညာ အမျိုးသားဥယျာဉ်သည် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် တည်ရှိပြီး ရှားပါးမျိုးစိတ်ဖြစ်သော တောင်ငုံးရင်မည်း သို့မဟုတ် ဂါနီးတောင်ငုံး (Gurney's Pitta) ပြန်လည်ရှာဖွေရန်ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်ထိ တိကျသော စာရင်းဇယားများထုတ်ပြန်ခြင်းမရှိသေးပဲ လေညာအမျိုးသားဥယျာဉ်သည် အဆိုပြုအဆင့်တွင်သာ ရှိနေပါသေးသည်။ တည်နေရာမြောက်လတ္တီတွဒ်၁၁°၀၈'၊ အရှေ့လောင်ဂျီတွဒ် ၉၉°၀၃'၊ ဘုတ်ပြင်းမြို့နယ် တနင်္သာရီတိုင်းဒေသကြီးတွင် တည်ရှိပြီး ၂၀၀၂ ခုနှစ်တွင် တည်ထောင်ပြီး အကျယ်အဝန်း ၂၀၀၄ ခုနှစ်တွင် လေညာ အမျိုးသားဥယျာဉ်(တိုးချဲ့) အဖြစ် ၁၃၉၈.၅၉ စတုရန်းကီလိုမီတာ ထပ်မံတိုးချဲ့ခဲ့သည်။ သဘာဝအရင်းအမြစ်များအမြဲစိမ်းတောများဖြင့် ဖုံးလွှမ်းထားပြီး စိတ်ဝင်စားဖွယ်အချက်အလတ်အဖြစ် ၂၀၀၈ ခုနှစ်တွင် BirdLife International(BIL)အဖွဲ့အစည်း၏ တိုင်းတာချက်များအရ ၉,၃၀၀- ၃၅,၀၀၀ ခန့် တောင်ငုံးရင်မည်း (Pitta gurneyi)ငှက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့သော စာရင်းအရ မျိုးသုဉ်းတော့မည့် စာရင်းတွင်ထည့်ထားခဲ့သည်။ သို့သော် ယခုရှာဖွေတွေ့ရှိမှု အပြီးတွင် International Union for Conservation of Nature(IUCN)မှ "critically endangered" မှ "endangered" သို့ စာရင်းသွင်းခဲ့သည်။ ၉၉% သည် မြန်မာနိုင်ငံတွင်ရှိပြီး၊ လေညာအမျိုးသားဥယျာဉ်၏ ရေတိမ်တောများက ငှက်များကို ရှည်ကြာစွာ တည်နေနိုင်ရေးအတွက် အထောက်အပံ့ ပေးထားသည်။ ခြိမ်းခြောက်နေသောအန္တရာယ်များလူများအခြေချ နေထိုင်ခြင်းနှင့် ဆီအုန်းစိုက်ပျိုးလုပ်ကိုင်လာကြမှုတို့ကြောင့် Sundaic forest များ ပျက်စီးစေရုံသာမက တောင်ငုံးရင်မည်းနှင့် အခြားတောရိုင်းတိရစ္ဆာန်တို့၏ ဂေဟစနစ်ကို ခြိမ်းခြောက်နေကြသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများUK government’s Darwin Initiative မှ ငှက်များ၏ ဇီဝကမ္မအခြေအနေများကို လေ့လာရန်အတွက် ရန်ပုံငွေများ ချပေးထားခဲ့ပြီး၊ Royal Society for the Protection of Birds၊ British arm of BLI မှ ဦးဆောင်၍ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း၊ Indochina programme of BLI တို့ပူးပေါင်း၍ လေ့လာမှုများ ပြုလုပ်နေကြသည်။ ကိုးကား
|
Portal di Ensiklopedia Dunia