ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော
ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ်များအတွင်းတွင် တည်ရှိပြီး ၂၁၃.၄ စတုရန်းမိုင် ကျယ်ဝန်းသည်။ အပူပိုင်းခြောက်သွေ့တော အထူးသဖြင့် သန်းဒဟတ်တောများကိုလည်းကောင်း၊ အရေးကြီးသော မုန်းချောင်းနှင့် မန်းချောင်းရေဝေကုန်းတန်းများကိုလည်းကောင်း ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရန်ရည်ရွယ်၍ ၁၉၈၅ ခုနှစ်(မူကွဲ - ၁၉၄၀ ခုနှစ်) တွင် တည်ထောင်ခဲ့သည်။ အဓိကအားဖြင့် ရွှေသမင်(Cervus eldi) များ၏ စားကျတ်နေရာများကို ထိန်းသိမ်းရန် ရည်ရွယ်သည်။ ရွှေစက်တော် ဘေးမဲ့တော၏ မြေမျက်နှာပြင်မှာ မနိမ်မမြင့် တောင်ကုန်းတောင်တန်း ဆင်ခြေလျှောများနှင့် တတိယကပ် သဲကျောက်များ ဖုန်းလွှမ်းလျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၀၀ မှ ပေ ၆၀၀ အထိ မြင့်သည်။ တည်နေရာမြောက်လတ္တီတွဒ်၂၀°၁၂'၊ အရှေ့လောင်ဂျီတွဒ် ၉၄°၃၃'၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြိုနယ်၊ ငဖဲမြို့နယ်၊ စေတုတ္တရာမြို့နယ် များအတွင်း မကွေးတိုင်းဒေသကြီးတွင် တည်ရှိသည်။ သဘာဝအရင်းအမြစ်များရွက်ကြွေတော(အပေါ်ပိုင်းစိုစွတ်)၊ရွက်ကြွေတော(အပေါ်ပိုင်းခြောက်သွေ့) ရောနှောသစ်တောများ ၈၀%နှင့် ၂၀% အသီးသီးဖုံးလွှမ်းထားသည်။ ရွှေစက်တော် ဘေးမဲ့တောတွင် မြန်မာ့ရွှေသမင်များကို အဓိကထိန်းသိမ်းထားပြီး ဝက်ဝံ၊ ကျားသစ်၊ ချေ၊ တောဝက်၊ ဒေါင်း၊ မျောက်၊ တောကြောင်နှင့် ငှက်မျိုးစုံ ၁၁၃မျိုး ကျတ်စားနေထိုင်ကြပြီး စွေ့ငှက်၊ နဖားကြူးငှက်နှင့် ရှားပါးကြယ်လိပ်(ခ) ဆီးချိုလိပ်(Geochelone platynota)တို့ကို တွေ့ရှိနိုင်သည်။ တစ်ကမ္ဘာလုံး မျိုးသုဉ်းမည့် အန္တရာယ်တွေ့ကြုံနေရသည့် တောခွေး(Cuon alpinus) နှင့် သင်းခွေချပ်(Sunda Pangolin (Manis javanica))ရှိသည်။ ထို့ပြင် ရွှေစက်တော်ဘေးမဲ့တော၌ လိပ်ပြာဇုန်များရှိပြီး လိပ်ပြာမျိုးစိတ် ၃၉ မျိုးရှိနေသည်ဟု သိရသည်။[၁] တောရိုင်းတိရစ္ဆာန်များ၏ သဘာဝအတိုင်းနေထိုင်ကျတ်စားမှုကို မြင်တွေ့နိုင်သည်။ ရွှေစက်တော်ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ(၁၄)မျိုး၊ ကုန်းနေရေနေသတ္တဝါ(၃၄)မျိုး နေထိုင်ကျတ်စားလျက်ရှိသည်။ ခြိမ်းခြောက်နေသာအန္တရာယ်များအများဆုံး ခြိမ်းခြောက်နေသောအန္တရာမှာ ဆည်များတည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းကြိုးများသွယ်တန်း တည်ဆောက်ခြင်းဖြစ်သည်။ ထိန်းသိမ်းရေးဧရိယာအတွင်း တောင်ယာများကို ကျူးကျော်လုပ်ကိုင် ကြခြင်းနှင့် ရှားပါး ကြယ်လိပ်များနှင့် မြန်မာနိုင်ငံမှာသာ တွေ့ရသော ရွှေသမင်များကို ရောင်းချခြင်းများဖြစ်သည်။ သစ်ခိုးထုတ်မှုများလည်းရှိနေသေးသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ရှားပါးတိရစ္ဆာန်များ နှင့် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားခြင်းတို့ကို လေ့လာခဲ့သည်။ ခရီးသွားလုပ်ငန်းများထိန်းသိမ်းထားသော မြေနေရာအတွင်း၌ စက်တော်ရာဘုရားတည်ရှိကာ နိုင်ငံသားနှင့် နိုင်ငံခြားသားစုစုပေါင်း ၂၀၀,၀၀၀ ခန့်နှစ်စဉ်လည်ပါတ်လေ့ရှိသည်။ လမ်းပန်းဆက်သွယ်ရေး
ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ
ကိုးကား
|
Portal di Ensiklopedia Dunia