ချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောချပ်သင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (Chatthin Wildlife Sanctuary) သည် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ် အတွင်းတွင် တည်ရှိသည်။ အကျယ်အဝန်း ၁၀၃.၅၅ စတုရန်းမိုင် (၂၆၈.၂ စတုရန်ကီလိုမီတာ) ရှိပြီး ၁၉၄၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ တည်နေရာမြောက်လတ္တီတွဒ်၂၃°၃၄'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၃၂'၊ ကောလင်းမြို့နယ်နှင့် ကန့်ဘလူမြို့နယ်အတွင်း စကိုင်းတိုင်းဒေသကြီးတွင်းတွင်တည်ရှိသည်။ သဘာဝအရင်းအမြစ်များIndaing forest တောအများအစားဖြစ်ပြီး ဘေးမဲ့တောဧရိယာ၏ ၉၀% ကိုဖုံးလွှမ်းထားသည်။ သစ်ပင်မျိုးစိတ်ပေါင်း (၂၆၃)၊ ငှက်မျိုးစိတ်ပေါင်း (၂၄၀)၊ အင်းဆက်မျိုးစိတ် (၁၆၀)၊ ငါး (၄၇)၊ တွားသွားသတ္တဝါ (၃၈)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၁၅)မျိုး၊ နို့တိုက်သတ္တဝါ မျိုးစိတ် (၁၃)မျိုးကို ရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာန၏ စာရင်းဇယားများအရသိရသည်။ အဓိကအားဖြင့် မြန်မာဒေသမျိုးစိတ်ဖြစ်သော ရွှေသမင်(Cervus eldi thamin)များကို ကာကွယ်စောင့်ရှောက်ထားသည်။ ခြိမ်းခြောက်နေသောအန္တရာယ်များတရားမဝင်အမဲလိုက်ခြင်း၊ အပင်များကို စုဆောင်းခြင်း၊ တရားမဝင် သစ်ခိုးထုတ်ယူခြင်းများ၊ ငါးခိုးဖမ်းခြင်းများ နှင့် တောမီးလောင်ကျွမ်းခြင်းများကြောင့် သစ်တောပြုန်းတီးခြင်းများကို ကြုံတွေ့နေရသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနနှင့် NWCD ပူပေါင်း၍ ဖော်ပြပါ သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးပြီးဖြစ်သည် -
ခရီးသွားလာရေးလုပ်ငန်းလမ်းပမ်းဆက်သွယ်ရေး
ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ
ကိုးကား
|
Portal di Ensiklopedia Dunia