မြောက်ဇာမရီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

မြောက်ဇာမရီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သည် ပဲခူးတိုင်းဒေသကြီးလက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ အုတ်ဖိုမြို့နယ်ကြို့ပင်ကောက်မြို့နယ်ပဲခူးမြို့နယ်ကျောက်တံခါးမြို့နယ်များရှိ ၃၇၉.၅၉ စတုရန်းမိုင် (၉၈၃.၁ စတုရန်း ကီလိုမီတာ) အကျယ်အဝန်းရှိသော ဘေးမဲ့တော တစ်ခု ဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် ၄၂/၂၀၁၄ ဖြင့် စတင်တည်ထောင်ခဲ့သည်။ မြောက်ဇာမရီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ဂေဟစနစ်မှာ အထက်ရွက်ပြတ်ရောနှော တော၊ တောခြောက်အမျိုးအစား ဖြစ်သည်။ ဘေးမဲ့တောအတွင်း အဓိကကာကွယ်ထားသောတိရစ္ဆာန်များမှာ ဆင်၊ ကျားသစ်၊ အင်းကျား၊ ပြောင်၊ စိုင်၊ ဝက်ဝံ၊ တောဆိတ်တို့ ဖြစ်သည်။ []

ကိုးကား

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 18 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 March 2021 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya