တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)![]() တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ခေတ်မီတိရစ္ဆာန်ဥယျာဉ်တစ်ခု ပေါ်ထွန်းလာရေး ဆောင်ရွက်ခဲ့သည်။ တိရစ္ဆာန်ဥယျာဉ်တည်ဆောက်ရာတွင် အောက်ပါအခြေခံမူ ၅ ချက်ကို လက်ခံကျင့်သုံးကာ ပုံဖော်ခဲ့သည်-
တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၂၀၀၈ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်ကာ ဧပြီလ ၁ ရက်နေ့မှစ၍ အခကြေးငွေဖြင့် အများပြည်သူအား ဖွင့်လှစ်ပြသခဲ့သည်။ တည်နေရာနှင့် အချက်အလက်များတိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) သည် ရန်ကုန်-မန္တလေး ကားလမ်း၏ အရှေ့ဘက်၊ ရေဆင်းဆည်အနီးတွင် တည်ရှိသည်။ နေပြည်တော်-ပျဉ်းမနားနှင့် နေပြည်တော်-တပ်ကုန်း ကားလမ်းဘေး မိုင်တိုင်အမှတ် (၂၅၆/၂) နှင့် (၂၅၇/၀) အကြား၊ ခန့်မှန်းမြေပုံအညွှန်း (Q-724096) ဝန်းကျင်၊ ဇေယျာသီရိမြို့နယ်တွင် တည်ရှိသည်။ စုစုပေါင်း မြေဧရိယာ ၄၁၆.၈၉ ဧက ကျယ်ဝန်းသည်။ လက်ရှိတွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင် အောက်ပါတိရစ္ဆာန်များကို မွေးမြူထိန်းသိမ်းပြသထားသည်-
အခြားအဆောက်အအုံများနှင့် ရည်ရွယ်ချက်များတိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) အတွင်း ငါးပြတိုက် (Aquarium) တစ်ခုလည်း တည်ဆောက်ထားရှိသည်။ ငါးပြတိုက်တွင် ပြည်ပငါး ၂၆ မျိုး (ကောင်ရေ ၁,၁၀၀) နှင့် ပြည်တွင်းငါး ၁၈ မျိုး (ကောင်ရေ ၃,၀၀၀)၊ စုစုပေါင်း ငါး ၄၄ မျိုး (ကောင်ရေ ၄,၁၀၀) တို့ကို ငါးကန် ၅၁ ကန်ဖြင့် ပြသထားသည်။ ထို့အပြင် ကလေးကစားကွင်းတွင် ပြည်ပမှ ကလေးကစားကွင်းပစ္စည်းအသစ် ၃ မျိုးကို မှာယူတည်ဆောက်ထားသည်။ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပြသခဲ့သည်-
|
Portal di Ensiklopedia Dunia