ပိတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဤတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် မြန်မာနိုင်ငံ၏ပထမဆုံး ကာကွယ်တောဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်း မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ်တွင်တည်ရှိသည်။ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဒေသခံပြည်သူများကို ပတ်ဝန်ကျင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ဗဟုသုတများပေးရန်၊ ဒေသခံများ၏ လူမှုစီးပွားရေးများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်။ တည်နေရာမြောက်လတ္တီတွဒ်၂၅°၂၉'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၁၀'၊ မြစ်ကြီးနားမြို့နယ် ကချင်ပြည်နယ်တွင်တည်ရှိပြီး ၁၉၂၇ ခုနှစ်(မူကွဲ ၁၉၁၁ ခုနှစ်) တွင်တည်ထောင်ခဲ့သည်။ အကျယ်အဝန်းမှာ ၁၂၂.၇ စတုန်ရန်းကီလိုမီတာ ကျယ်ဝန်းသည်။ သဘာဝအရင်းအမြစ်များတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ ၈၀% နှုန်းကို အမြဲစိမ်းတောများဖုံးလွမ်းထားသည်။ ခြိမ်းခြောက်ခြင်းခံနေရသော ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်ရည်ရွယ်၍ တည်ထောင်ခဲ့ပြီး၊ ကျားသစ်နှင့် မျောက်လွှဲကျော် မျက်ခုံးဖြူ (Hoolock Gibbon) တို့ကို မကြာသေးမိက တွေ့ရှိခဲ့ရသည်။ ကျားသစ်၊ ပြောင် (Gaur) (Bos gaurus)၊ ဆတ်(Sambar Deer)၊ ဒရယ်(Hog Deer)၊ တောဝက်( Wild Boar)၊ ဟိမဝန္တာဝက်ဝံ (လဝက်ဝံ(သို့)ဝက်ဝံရင်ခေါင်းဖြူ) (Asiatic Black Bear)၊ မျောက်စပ်(Rhesus Macaque)၊ မျောက်လွဲကျော်မျက်ခုံးဖြူ၊ Wreathed hornbill၊ Oriental pied hornbill များကျတ်စားနေထိုက်လျက်ရှိသည်။ ခြိမ်းခြောက်နေသောအန္တရာယ်များတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာအတွင်းတွင် ရွာ(၂)ရွာတည်ရှိပြီး မြေဧက ၅၀၀၀ ခန့်ကို တရားမဝင်စိုက်ပျိုးမြေနေရာ၊ မီရထားရုံ၊ လမ်းများ အဖြစ် အသုံးပြုနေကြသည်။ ဧက ၁၄၀၀ ကျော်ခန့်ကိုလည်း စက်ပစ်ကွင်းအဖြစ်အသုံးပြုထားသည်။ ထို့ပြင် ဧက ၆၀၀၀ ခန့်ကိုလည်း တပ်မတော်မှ ရာဘာစိုက်ပျိုးရန်ရည်ရွယ်ထားသည်။ မျောက်စပ်၊ ကြောင်သူတော်၊ ဖြူကောင်များဟာ အမဲလိုက်ခြင်း၊ ထောင်ခြောက်ထောင်ဖမ်းခြင်းများနှင့်ကြုံတွေ့နေရသည်။ ဒေသခံများသည် အမဲလိုက်ဝါသနာထုံကြရာ ခြိမ်းခြောက်ခြင်းခံနေရာသော ကျားသစ်စသောသတ္တဝါများဟာ အမဲလိုက်ခြင်းခံနေရသည်။ ထိုမျှမကသေး အဆိုပါ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် သစ်ခိုးထုတ်ခြင်းများအန္တရာယ်ကိုလည်း ရင်ဆိုင်နေရသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများလုံခြုံရေးအကြောင်းပြချက်များကြောင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကို ထိရောက်စွာလုပ်ကိုင်နိုင်ခြင်းမရှိပေ။ ကိုးကား
|
Portal di Ensiklopedia Dunia