ပုပ္ပါးတောင် အမျိုးသားဥယျာဉ်ပုပ္ပါးတောင် အမျိုးသားဥယျာဉ် (Popa Mountain National Park) သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်အနီးတွင် တည်ရှိသည်။ အပူပိုင်းခြောက်သွေ့ ဂေဟစနစ်ကို ထိန်းသိမ်းရန်၊ ပုပ္ပါးတောင်မကြီးတွင်ရှိသော ဆေးဘက်ဝင်သစ်ပင်ပန်းမန်များကို ထိန်းသိမ်းရန်၊ ဒေသခံများ၏ လူမူဘဝအခြေအနေများကို မြှင့်တင်ရန်၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်။ တည်နေရာမြောက်လတ္တီတွဒ်၂၀°၅၃'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၁၄'၊ ကျောက်ပန်းတောင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင်တည်ရှိသည်။ ၁၉၈၃ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ ၄၉.၆၃ စတုရန်းမိုင် (၁၂၉ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသည်။ သဘာဝအရင်းအမြစ်များအင်းတိုင်းတော၊ သန်းဒဟတ်တော အမျိုးအစားများဖြစ်ပြီး ပုပ္ပါးတောင်မကြီးတွင် မြန်မာနိုင်ငံတဝန်း ကျော်ကြားလှသော ဆေးဘက်ဝင်သစ်ပင်များ ပေါက်ရောက်သည်။ တကမ္ဘာလုံး ခြိမ်းခြောက်ခံရသော မျိုးစိတ်များတွင် ပါဝင်သည့် ရွှေသမင်၊ မျောက်မျက်ကွင်းဖြူ၊ မျောက်ညို (Capped langur)၊ တောခွေးများ ရှိသည့်ဟု မှတ်တမ်းတင်ထားသည်။ ခြိမ်းခြောက်နေသာအန္တရာယ်များခရီးသွားလုပ်ငန်းလုပ်ကိုင်ရန် မြေချဲ့ထွင်မှု၊ လက်ဖက်ခင်းများ၊ ငှက်ပျော၊သရက်တို့စိုက်ပျိုးမည်ဟုဆိုကာ စီးပွားရေးလုပ်ငန်းချဲ့ထွင်ရန် တောများခုတ်တွင်ရှင်းလင်းနေမှုတို့ကြောင့် ဒေသခံအဖွဲ့အစည်းများနှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိသည်။ ထင်းအလို့ငှာ သစ်ခုတ်ခြင်းများခံရပြီး ဆေးဘက်ဝင်သစ်ပင်များလည်း တရားမဝင် ခုတ်ယူခြင်းခံနေရသည်။ (အထူးသဖြင့် စကားဝါ(Michelia champaca)) ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကယ်လီဖိုနီးယားသိပ္ပံအကယ်ဒမီချိတ်ဆက်ကာ ကုန်းနေရေနေသတ္တဝါများကို လေ့လာခဲ့ကြပြီး ပါရဂူစာတမ်းအတွက် မျောက်မျက်ကွင်းဖြူတို့၏ ဂေဟစနစ်ကို လေ့လာနေသူများရှိသည်။ ခရီးသွားလုပ်ငန်းများပုပ္ပါးတောင်သည် သဘာဝအခြေခံခရီးသွားလုပ်ငန်းနယ်ပယ်တွင် ကျော်ကြားလှသော နေရာတစ်ခုဖြစ်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့်လည်း မဝေးလှကာ ဒေသတွင်းနှင့် နိုင်ငံခြားသားခရီးသွားများ များစွာလည်ပါတ်ကြသည်။ ပုပ္ပါးတောင် တွင် နတ်ကွင်းများလည်းတည်ရှိရာ နတ်နန်းတက်ရန် ဒေသတွင်းခရီးသွားများလာရောက်လေ့ရှိသည်။ ပုပ္ပါးတောင်တွင် အဆင့်မီဟော်တယ်ကြီးများ၊စားသောက်ဆိုင်များလည်း ရှိသဖြင့် ညအိပ်ညနေ ခရီးသွားရန်လည်း သင့်လျော်သည်။ လမ်းပမ်းဆက်သွယ်ရေး
ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ
ကိုးကား
|
Portal di Ensiklopedia Dunia