လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်![]() လောကနန္ဒာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ သီရိပစ္စယာကျေးရွာတွင် တည်ရှိသည်။ သဲကန္တာရဖြစ်နိုင်သော အခြေအနေတွင် ရောက်ရှိနေသော မြန်မာနိုင်ငံ၏ အပူပိုင်းခြောက်သွေ့တောများ၏ ဂေဟစနစ်ကို လေ့လာနိုင်ရန် ရည်ရွယ်၍ ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အစိုးရမှ ပုဂံနှင့် ဧရာဝတီမြစ် အကြား ၀.၄၇ စတုရန်းကီလိုမီတာ (ဧကအားဖြင့် ၁၀၈ ဧက)ကို ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားသည်။ တည်နေရာ၊ အကျယ်အဝန်းမြောက်လတ္တီတွဒ်၂၁°၀၇'၊ အရှေ့လောင်ဂျီတွဒ် ၉၄°၅၁'၊ ညောင်ဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် တည်ရှိသည်။ ညောင်ဦးမြို့မှ (၇)မိုင် ကွာဝေးပြီး လောကနန္ဒာစွယ်တော်ဘုရား တောင်ဘက်အနီး၊ ညောင်ဦး-ချောက်မြို့သွား ကားလမ်း၏ လက်ယာဘက် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်။ ၀.၄၇ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
တည်ထောင်သည့်နှစ်သစ်တောရေးရာဝန်ကြီးဌာန၏ (၁၆-၂-၁၉၉၅) ရက်စွဲပါ အမိန့်အကြော်ငြာစာအမှတ် ၃၃/၉၅ ဖြင့် ကြိုးပြင်ကာကွယ်တော အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ လောကနန္ဒာဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးကို (၁၇-၉-၁၉၉၆)နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ညောင်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနသို့ (၅-၆-၉၇)နေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ယနေ့ထိ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။[၁] ရည်ရွယ်ချက်
ရာသီဥတုနှစ်စဉ် ပျမ်းမျှမိုးရေချိန် (၂၀) လက်မ၊ အမြင့်ဆုံးအပူချိန် (၄၅°C) နှင့် အနိမ့်ဆုံးအပူချိန် (၁၀°C) ဖြစ်သည်။ အအေးဆုံးလမှာ ဇန်နဝါရီလဖြစ်ပြီး၊ အပူဆုံးလမှာ မေလ ဖြစ်သည်။[၁] သဘာဝအရင်းအမြစ်များအပူပိုင်းဒေသတွင် တည်ရှိပြီး ညီညာပြန့်ပြူးသော မြေမျက်နှာပြင် အနေအထားရှိပြီး သဲဆန်သောမြေ အမျိုးအစားဖြစ်သည်။ ဘေးမဲ့တောဧရိယာကို အပူပိုင်းခြောက်သွေ့တောများ (တောခြောက်တော) ဖုံးလွှမ်းထားပြီး သမင်မျိုးစိတ် (၄)နှင့် နှင့် အဓိကအားဖြင့် ကြယ်လိပ်များကို ထိန်းသိမ်းထားသည်။ ပေါက်ရောက်သော အပင်များအပူပိုင်းဒေသ ပေါက်ပင်များဖြစ်သည့် ရှား၊ ထနောင်း၊ ဆီး၊ မန်ကျည်း၊ တမာ၊ ညောင်၊ လက်ပံ၊ ဆူးဖြူ စသည်တို့မှာ သဘာဝအလျှောက် ပေါက်ရောက်လျက်ရှိပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ယာ၊ အင်ကြင်း အခြားသစ်ပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးထားသည်။ လက်ရှိတွင် သစ်မျိုး (၉၀)၊ ပရဆေးပင် (၁၆၀)မျိုး၊ ဝါး(၄)မျိုးနှင့် ပန်းအလှပင် (၃၂)မျိုးတို့ကို မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ သားငှက်တိရစ္ဆာန်များသဘာဝအတိုင်းကျတ်စားရန် လွှတ်ထားသော အကောင်များမှာ ဆတ်၊ တောယုန်၊ ကြောင်ဝံပိုက်၊ ဂင်လိပ်၊ ကြိုးကြာ၊ ဒေါင်း၊ ကြက်တူရွေးတို့ ဖြစ်ပြီး ဝင်းခြံခတ် မွေးမြူထားသော အကောင်များမှာ သမင်၊ ကြယ်လိပ်၊ တိုက်လိပ်နှင့် သင်္ဘောယုန်၊ ကြက်တူရွေးနှင့် သဘာဝအတိုင်း ကျတ်စားကြသော သားငှက်တိရစ္ဆာန်များမှာ ငှက်မျိုးစိတ် (၅၀) မျိုး၊ ချေ၊ ကြောင်ဝံပိုက်၊ ကြောင်နံသာ၊ လင်စိုင်ပြောက်၊ တောယုန်၊ ဖွတ်၊ ပွေး၊ ပုတက်၊ ရှဉ့်၊ သစ်စွေ့၊ လိပ်(၄)မျိုး၊ မြွေ(၈)မျိုးတို့ ဖြစ်သည်။ ခြိမ်းခြောက်နေသာအန္တရာယ်များလွင်တီးခေါင်ပြင်များတိုး၍လာနေသောကြောင့် ဒေသခံများသည် ထင်းအလို့ငှာ ဘေးမဲ့တောမှ သစ်များကို ခုတ်ယူနေကြသည်။ နွေရာသီတွင် ကျွဲနွားများ၏ စားကျတ်ဧရိယာအဖြစ် အသုံးပြုခြင်းများကြောင့် ပျက်ဆီးခြင်းများရှိနေသည်။ မိုးခေါင်ရေရှားကာလများ၌ တောမီးများလောင်ကျွမ်းခြင်းနှင့် မြွေများကို ဖမ်းယူရောင်းချခြင်းများသည် ယခုလက်ရှိ အပူပိုင်းခြောက်သွေ့တော ဂေဟစနစ်ကို ဖျက်ဆီးနေသော အကြောင်းအရင်းများဖြစ်သည်။ သုတေသနလုပ်ငန်းများသုတေသန ပြုလုပ်နိုင်သော အခြေအနေများ
ပြည်တွင်းအဖွဲ့အစည်းများမှ ပြုလုပ်ခြင်းမန္တလေးတက္ကသိုလ် ပါရဂူကျောင်သားများသည် ကြယ်လိပ်များကိုသုတေသနလုပ်ခဲ့ကြသည်။ နောက်ထပ်အနေဖြင့် သစ်တောဦးစီးဌာန မှ ကြယ်လိပ်များ၏ ဂေဟစနစ်နှင့် ဇီဝလုပ်ငန်းစဉ်များကို မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် မွေးမြူနိုင်ရန် လေ့လာခဲ့ကြသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများကြယ်လိပ်၂၀၀၁ ခုနှစ်မှ စတင်၍ ကြယ်လိပ် အထီး(၄၂) ကောင်၊ အမ (၄၀) ကောင်၊ စုစုပေါင်း (၈၂) ကောင်ကို ခြံလှောင်စနစ်ဖြင့် မွေးမြူခဲ့သည်။ ပေါက်ဖွားနှုန်း ကောင်းမွန်ခြင်းကြောင့် ယခုအခါ အရွယ်စုံ ကြယ်လိပ် (၁၈၅၅) ကောင်ရှိလာပြီ ဖြစ်သည်။ ရည်ရွယ်ချက်အတိုင်း နေရင်းဒေသတစ်ခုဖြစ်သော မင်းစုံတောင်ဘေးမဲ့တော သို့စေလွှတ်ပေးခြင်းကို ဌာနအစီအစဉ်ဖြင့် ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) နှင့်ပူးပေါင်း၍ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။ အကောင် (၂၀၀) စေလွှတ်ပြီး ဖြစ်သည်။[၁] ရွှေသမင်၂၀၀၈ ခုနှစ်တွင် ပုပ္ပါးတောင်ဥယျာဉ်မှ သယ်ယူလာသော ရွှေသမင်တစ်စုံအား ခြံလှောင်စနစ်ဖြင့် မွေးမြူထိန်းသိမ်းခဲ့ရာမှ ၂၀၁၃ ခုနှစ်တွင် ရွှေသမင် (၁၁) ကောင် တိုးပွားလာခဲ့သည်။ ရွှေစက်တော်ဘေးမဲ့တောသို့ ရွှေသမင် (၆) ကောင်ကိုလည်းကောင်း၊ လက်ပန်းတောင်းတောင် ဧရိယာသို့ ရွှေသမင် (၂)ကောင်ကို လည်းကောင်း၊ စေလွှတ်ပေးနိုင်ရန် တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ ရွှေသမင် အထီး(၃)ကောင်၊ အမ (၁) ကောင် စုစုပေါင်း (၄)ကောင် ကျန်ရှိခဲ့သည်။[၁] တိုက်လိပ်၂၀၁၁ ခုနှစ်မှ စတင်၍ WCS မှ လာရောက်ပေးပို့ခဲ့သော တိုက်လိပ်အထီး (၄၀) ကောင်၊ အမ (၆၀) ကောင်၊ စုစုပေါင်း အကောင် (၁၀၀) ကောင်အား တောင်အင်းအတွင်း ထိန်းသိမ်းမွေးမြူ ထားရှိသည်။ ယခုအခါ ကြီးထွားနှုန်းကောင်းမွန်ပြီး နေထိုင်ကျတ်စားလျက် ရှိသည်။ [၁] နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလောကနန္ဒာဘေးမဲ့တောဥယျာဉ်သည် ကြယ်လိပ်၊ တိုက်လိပ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ ၂၀၁၄ ခုနှစ်တွင် ဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS) ပူးပေါင်း၍ ကြယ်လိပ်များ နေရင်းဒေသ စေလွတ်ပေးနိုင်ရေးအတွက် ကြယ်လိပ် အကောင် (၃၀၀) အား ကျန်းမားရေးစစ်ဆေးခြင်း၊ မိုက်ခရိုချစ်ထည့်ပေးနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ၁၅၀ ကောင်အား နေရင်းဒေသဖြစ်သော မင်းစုံတောင်ဘေးမဲ့တောသို့ စေလွှတ်ပေးနိုင်ခဲ့သည်။ [၁] သဘာဝအခြေခံ ခရီးသွားလာရေးလုပ်ငန်း၂၀၀၈ တွင် ဘေးမဲ့တော၏ လက်ခံစာရင်းများအရ လေ့လာသူဧည့်သည် ၄၄၄၉၇ လာရောက်လည်ပတ်ခဲ့ပြီး၊ နိုင်ငံသား ၂၃၇၉၄ ယောက်နှင့် နိုင်ငံခြားသား ၂၀၇၀၃ ပါဝင်သည်။ (မှတ်ချက်။။ ဧည့်သည်ဝင်ရောက်မှုကို ဥယျာဉ်အစီအစဉ်ဖြင့် စာရင်းကောတ်ယူပါသည်။)[၁] လမ်းပန်းဆက်သွယ်ရေးလောကနန္ဒာဘေးမဲ့တောဥယျာဉ်သည် ညောင်ဦးမြို့မှ (၇) မိုင်ခန့်အကွာ သီရိပစ္စယာကျေးရွာ လောကနန္ဒာစွယ်တော်ဘုရားအနီးတွင် တည်ရှိသည်။
ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ
ကိုးကား
|
Portal di Ensiklopedia Dunia