မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော သည် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းတွင် တည်ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသ ရေတိမ်ဒေသ ပင်လယ်ထွက်ပေါက်အနီးတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ဘိုကလေးမြစ် စီးဆင်းနေသည်။ ဧရိယာအတွင်းတွင် ချောင်းငယ်လေးများစွာ စီးဆင်းနေပြီး ဒီရေတောများအား ထိန်းသိမ်းကာကွယ်ထားသည့် ဒေသတစ်ခုဖြစ်သည်။ နှစ်စဉ် မိုးရေချိန် ၂,၅၀၀ မှ ၃,၀၀၀ မီလီမီတာ ဝန်းကျင်တွင်ရှိသည်။ မိန်းမလှကျွန်းသည် အာဆီယံ အမွေအနှစ်ဥယျာဉ် ထဲက တစ်ခု ဖြစ်သည်။ တည်နေရာမြောက်လတ္တီတွဒ်၁၅°၅၈'၊ အရှေ့လောင်ဂျီတွဒ် ၉၅°၁၇'၊ ဘိုကလေးမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၅၂.၇၉ စတုရန်းမိုင် (၁၃၇ စတုရန်းကီလိုမီတာ) ကျယ်ဝန်းကာ ၁၉၈၆ ခုနှစ်တွင် ကြိုးဝိုင်း သစ်တော အဖြစ် စတင်သတ်မှတ်ခဲ့သည်။ သဘာဝအရင်းအမြစ်များဒီရေတောများသည် ဤဘေးမဲ့တော၏အဓိက သစ်တောအမျိုးအစားဖြစ်သည်။ ဒီရေတောအမျိုးအစား(၄၀)ခန့်ရှိသည် ဟုတ်မှတ်တမ်းထားသည်။ ဆေးဘက်ဝင်သစ်ပင် (၅၃)မျိုး၊ သစ်ခွမျိုးစိတ်(၁၁)မျိုး၊ နို့တိုက်သတ္တဝါ (၁၈)မျိုး(ဧရာဝတီ လင်းပိုင်များအပါအဝင်)၊ ငှက်မျိုးစိတ် (၁၁၇)မျိုး၊ ငါးမျိုးစိတ် (၅၉)မျိုး၊ ပုဇွန် (၁၂)မျိုး၊ ကဏန်း (၁၀)မျိုး၊ လိပ်ပြာ (၃၅)မျိုးနှင့် မြွေ(၂၆)မျိုးရှိသည်ဟု မှတ်တမ်းတင်ထားသည်။ ခြိမ်းခြောက်နေသောအန္တရာယ်များသစ်ပင်များကို မီးသွေးဖုတ်ရန် အသုံးပြုနေခြင်းများကို တွေ့ရပြီး ငါး၊ပုစွန်တို့ဖမ်းဆီးခြင်းများကြောင့် ရေသယံဇာတများ အဆိပ်သင့်နေကြသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများခရီးသွားလာရေးလုပ်ငန်းများတန်ခိုးကြီးဘုရားတည်ရှိသောကြောင့် ဘုရားဖူးများ များစွာ လာရောက်လေ့ရှိသည်။ ထို့ပြင် နတ်ကိုးကွယ်ယုံကြည်မှု၌ ထင်ရှားသော နတ်တစ်ပါးဖြစ်သည့် ရေငံပိုင်ဦးရှင်ကြီး၏ မွေးရပ်ဖြစ်သောကြောင့် ဒေသခံများအကြားထင်ရှားသော နေရာဖြစ်သည်။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏သဘာဝအခြေခံ ခရီးသွားလုပ်ငန်း စီမံချက်ရှိရာနေရာ ဖြစ်သောကြောင့် နိုင်ငံခြားသားခရီးသွားများလည်း သွားရောက်လည်ပတ်နိုင်သည်။ လမ်းပန်းဆက်သွယ်ရေး
ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ
ကိုးကား
|
Portal di Ensiklopedia Dunia