ဆင်စခန်း
မြိုင်ဟေဝန်ဆင်စခန်း သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဥက္ကံကြိုးဝိုင်းတွင် တည်ရှိ၍ ဖလုံကျေးရွာမှ ၁၂မိုင်၊ ရန်ကုန်မြို့မှ ၇၂ မိုင်ကွာဝေးသည်။ ဆင်စခန်းငယ်တစ်ခုဖြစ်ပြီး ယင်းအား ၁၉၈၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။
စခန်း ဧရိယာအကျယ်အဝန်း (၁၀.၀)ဧက ဖြစ်၍ ခရုချောင်းအနီးတွင် တည်ရှိသည်။ စခန်းအား ၁၉၉၂ – ၁၉၉၃ ဘဏ္ဍာနှစ်မှ စတင်၍တည်ဆောက်ခဲ့ပြီး၊ အမိမဲ့ဆင်ကလေးများ ထိန်းသိမ်းပြုစုခြင်း၊ မကျန်းမာ သောဆင်များအား ကုသခြင်း၊ တောဆင်ရိုင်း ဖမ်းဆီးလေ့ကျင့်ခြင်းနှင့်ဆင် သုတေသနလုပ်ငန်းစသည်များကို ဆောင်ရွက် လျက်ရှိပြီး သဘာဝကို အခြေခံ သောခရီးသွားလုပ်ငန်း (Ecotourism) အတွက် ရည်ရွယ်ကာ တည်ဆောက်ခြင်းဖြစ်သည်။ ဆင် စခန်းသို့ရန်ကုန်မှ ဖလုံတာဆုံ ၆၀ မိုင် (ကတ္တရာလမ်း)၊ ဖလုံတာဆုံမှ မြိုင်ဟေဝန်သို့ ၁၂ မိုင် တောတွင်းလမ်းဖြစ်သည်။ သာယာဝတီ သစ်ထုတ်ရေးဒေသမှသွားရောက်ပါက ဖလုံတာဆုံသို့ ကတ္တရာလမ်း ( ၁၈ ) မိုင် ရှိသည်။ အဆိုပါ ဆင်စခန်းအား ၁၅-၅-၂၀၁၂ နေ့တွင် Asia Green Co; မှ ဌာနသို့ပြန်လည်အပ်နှံခဲ့ပြီး ယခုအခါ ပဲခူးတိုင်းဒေသကြီး(အနောက်) သာယာဝတီ သစ်ထုတ်ရေးဒေသမှ တာဝန်ယူဆောင်ရွက် လျက်ရှိသည်။
[၂]
ကိုးကား
- ↑ GAD, Feb 2011.
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 14 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 June 2021 တွင် ပြန်စစ်ပြီး။
|
---|
အမျိုးသားဥယျာဉ်များ | |
---|
ဘေးမဲ့တောများ | |
---|
တိရစ္ဆာန်ဥယျာဉ်များ | |
---|
ဥယျာဉ်များ | |
---|
ဆင်စခန်းများ | |
---|
|
---|
ပြည်နယ်များ | | |
---|
တိုင်းဒေသကြီးများ | |
---|
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ | |
---|
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း | |
---|
ပြည်ထောင်စုနယ်မြေ | |
---|