အင်းတော်ကြီး ဘေးမဲ့တောအင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မြန်မာပြည်မြောက်ပိုင်းတွင် တည်ရှိသည်။ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် Important Bird Area (IBA) ဖြစ်ပြီး အာဆီယံ အမွေအနှစ်ဥယျာဉ်လည်းဖြစ်သည်။ တည်နေရာမြောက်လတ္တီတွဒ်၁၅°၅၁'၊ အရှေ့လောင်ဂျီတွဒ် ၉၄°၁၆'၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၈၁၄.၉၉ စတုရန်းကီလိုမီတာ (၃၁၄.၆၇ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့သည်။ အင်းတော်ကြီးအိုင်အပါအဝင် ဆက်စပ် သစ်တောကြိုးဝိုင်း ၅ ခု၊ စုစုပေါင်းဧရိယာ ၂၀၁,၃၈၉ ဧက (၈၁,၄၉၉ ဟက်တာ)ကို အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။ သဘာဝအရင်းအမြစ်များဘေးမဲ့တော၏ ၅၀%သည် ရွက်ကြွေတောများ ဖုံးလွှမ်းထားပြီး ၃၀%ကို wetland(စိမ့်မြေတော) များက ဖုံးလွှမ်းထားသည်။ အခြားသစ်တောအမျိုးအစားများမှာ အမြဲစိမ်းတော(Riverine)၊ ရွက်ကြွေတော(ဝါး)၊ တောင်ပေါ်တော(ထင်းရှူး) ဖြစ်သည်။ စာရင်းဇယားများအရ (၁၆၅)မျိုးသော သစ်ပင်နှင့် ဆေးဘက်ဝင်သစ်ပင်မျိုးစိတ်များ၊ နို့တိုက်သတ္တဝါ(၃၈)မျိုး၊ ငှက်မျိုးစိတ်(၄၄၈)မျိုး၊ တွားသွားသတ္တဝါ (၄၁)မျိုး၊ ကုန်းနေရေနေ သတ္တဝါ (၃၄)နှင့် လိပ်ပြာအမျိုးပေါင်း(၅၀) ကျော် ရှိသည်။ ပျက်သုန်းလုနီးအန္တရာယ်နှင့်ရင်ဆိုင်နေရသော White-rumped vulture(Gyps bengalensis)နှင့် မြန်မာနိုင်ငံတွင်သာတွေ့ရသော အန္တရာယ်ရှိမျိုးစိတ် ဖြစ်သော နဖားကြူး(Crypsirina cucullata) တို့အပါအဝင် ငှက်မျိုးစိတ် (၁၀)မျိုး ရှိနေသောကြောင့် ၂၀၀၄ ခုနှစ်တွင် Important Bird Area (IBA) အဖြစ်သတ်မှတ်ထားခဲ့သည်။ ခြိမ်းခြောက်နေသောအန္တရာယ်များတရားမဝင်အမဲလိုက်ခြင်းများ၊ ရှားပါးအပင်များကို စုဆောင်းခြင်းများ၊ သစ်ခိုးထုတ်ခြင်း၊ ရေလုပ်ငန်းများ၊ သတ္တုနှင့် ရွှေကျင်ခြင်းလုပ်ငန်းများ အစရှိသော အရာများက ဘေးမဲ့တောကို ထိုးနှက်နေကြပါသည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ၂၀၀၉ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း(BANCA) မှ Gibbon project: evaluation of the status of Hoolock Gibbon လုပ်ဆောင်ခဲ့သည်။ ခရီးသွားလာရေးလုပ်ငန်းများနှစ်စဉ် ဒေသတွင်းနှင့် နိုင်ငံခြားသားခရီးသည်များစွာလည်ပတ်လေ့ရှိသည်။ အင်းတော်ကြီးအိုင်၏အလယ်တွင် ရွှေမဉ္ဇူဘုရား တည်ရှိနေသဖြင့် မြန်မာပြည်၌ အသွားများသော နေရာထဲက တစ်ခုအပါအဝင်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး
ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ
ကိုးကား
|
Portal di Ensiklopedia Dunia