ဆက်သွယ်ရေးတပ်ဖွဲ့
ဆက်သွယ်ရေးတပ်ဖွဲ့သည် မြန်မာ့တပ်မတော်၊ တပ်မတော်(ကြည်း)၏ စစ်အကူလက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်သည်။ တပ်မတော်(ကြည်း)၏ သမရိုးကျ ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် အချက်ပြဆက်သွယ်ရေး၊ ကြိုးမဲ့ရေဒီယိုဆက်သွယ်ရေး၊ ဆက်သား၊ ချောပို့လုပ်ငန်း စသည်တို့ကို ဆောင်ရွက်ပေးရသည်။ ၎င်းအပြင် သမရိုးကျမဟုတ်သော ခေတ်သစ် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဆက်သွယ်မှုလုပ်ငန်းများနှင့် ဆက်သွယ်မှုကွန်ယက်ဆိုင်ရာလုပ်ငန်းများကိုပါ တိုးမြှင့်ဆောင်ရွက်လျှက်ရှိသည်ကို တွေ့ရသည်။ ထိုမျှမက အစဉ်အလာအရ တပ်မတော်(ကြည်း)၏ ဆက်သွယ်ရေးအခန်းကဏ္ဍများအပြင် တပ်မတော်(ရေ) နှင့် တပ်မတော်(လေ)တို့နှင့် ဆက်သွယ်မှုပိုင်းဆိုင်ရာများ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ၎င်းတပ်ဖွဲ့များတွင် အသုံးပြုလျှက်ရှိသော ဆက်သွယ်ရေး စက်နှင့် ဆက်စပ်ပစ္စည်းများကို စစ်ဆေးပေးခြင်း၊ ပြုပြင်ပေးခြင်း၊ စက်ပစ္စည်းကိုင်တွယ်ထိန်းသိမ်းမှုပိုင်းဆိုင်ရာများ အကြံပြုပေးခြင်းနှင့် သတင်းအချက်အလက် လုံခြုံမှု ကျိုးပေါက်ခြင်းမရှိစေရေးအတွက် ကြီးကြပ်ပေးခြင်း စသည်လုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်ရန်တာဝန်ရှိလေသည်။ လက်ရှိတွင် ဆက်သွယ်ရေးညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ်/ ဗိုလ်မှူးကြီး ဆွေသူရ ဖြစ်သည်။[ကိုးကားချက်လိုသည်] သမိုင်းအကျဉ်း၁၉၃၇ ခုနှစ် ပါကစ္စတန်နိုင်ငံတွင် ဖွင့်လှစ်သည့် ဆက်သွယ်ရေးသင်တန်းတက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် စစ်သည် ၃၀ ကို အမာခံထားကာ ၁၉၃၉ ခုနှစ် တွင် ယခု ပြင်ဦးလွင်ဟုခေါ်သည့် မေမြို့တွင် မြန်မာ့အချက်ပြဆက်သွယ်ရေးတပ် (Burma Signals)ကို စတင်ဖွင့်လှစ်ခဲ့ပြီး လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်အတွင်းတွင် အချက်ပြဆက်သွယ်ရေးတပ်ကို အချက်ပြဆက်သွယ်ရေး အတတ်သင်တပ်ခွဲ(မေမြို့)နှင့် အချက်ပြဆက်သွယ်ရေးတပ်ခွဲ(မင်္ဂလာဒုံ)အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။[၁] မြန်မာ့အချက်ပြဆက်သွယ်ရေးတပ် (Burma Signals - BS) သည် ဒုတိယ ကမ္ဘာစစ်မတိုင်မီ မြန်မာ့နယ်ခြားတပ် (Burma Forntier Force - BFF) ကို စတင်ဖွဲ့စည်းရာတွင် BFF Signals ကိုပါ ပါဝင်ဖွဲ့စည်းရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။[၂] BFF Signals တွင် မြန်မာတိုင်းရင်းသားများထဲမှ ပထမဆုံးသော ဝိုင်ယာလက်အော်ပရေတာ သင်တန်း (Wireless Operator Course) တက်ရောက်သူမှာ ကယားတိုင်းရင်းသား 'ဂျမဒါ-ဘိုးအောင်' ဖြစ်သည်။[၂] ၁၉၃၉ ခုနှစ်တွင် မေမြို့(ပြင်ဦးလွင်မြို့) ရှိ အားကစားကွင်းနေရာ (ယခင် Burma Military Police တည်နေရာ) တွင် မြန်မာ့အချက်ပြဆက်သွယ်ရေးတပ် (Burma Signals - BS) ကို စတင်ဖွင့်လှစ်ခဲ့သည်။[၂] ၁၉၄၈ ခုနှစ် လွပ်လပ်ရေးရပြီးနောက် အချက်ပြဆက်သွယ်ရေးတပ်ကို ပြန်လည်ဖွဲ့စည်းရာတွင် အချက်ပြဆက်သွယ်ရေးအတတ်သင်တပ်ခွဲ (Burma Signal Training Squadron - BSTS) ကို မေမြို့တွင် အခြေပြု၍ ဗိုလ်မှူး စောထွန်းစိန် မှလည်းကောင်း၊ အချက်ပြဆက်သွယ်ရေးတပ်ခွဲ (Burma Signal Squadron - BSS) ကို မင်္ဂလာဒုံတွင် အခြေပြု၍ ဗိုလ်မှူး ရှိန်း နှင့် ဗိုလ်မှူး ဘနီ တို့မှလည်းကောင်း တာဝန်ယူအုပ်ချုပ်၍ ဖွဲ့စည်းခဲ့သည်။[၂] ကေအင်ဒီအို (KNDO) များ ထကြွသည့်အချိန်တွင် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှစ၍ အချက်ပြဆက်သွယ်ရေးတပ်ဖွဲ့ရှိ ကရင်အချက်ပြဆက်သွယ်ရေး အရာရှိ/စစ်သည်များကြောင့် စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကာ ဗမာပြည်အနှံ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဆက်သွယ်မှုများပြန်လည်ရရှိခဲ့ရာမှ "ဆက်သွယ်ရေးတပ်ဖွဲ့နေ့" အဖြစ် ပေါ်ပေါက်လာခဲ့သည်။[၂] အချက်ပြဆက်သွယ်ရေးဌာနမှ အချက်ပြဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးအဖြစ် ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး အချက်ပြဆက်သွယ်ရေးညွှန်ကြားရေးမှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူမှာ ကြည်း ၃၅၆၇၊ ဗိုလ်မှူးကြီး ရှိန်း ဖြစ်သည်။[၂] ၁၉၈၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် "အချက်ပြဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး" အမည်အား ပယ်ဖျက်ပြီး "ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး" အဖြစ် ပြောင်းလဲသုံးစွဲခဲ့သည်။[၂] ဖွဲ့စည်းပုံ
ဆက်သွယ်ရေးတပ်ဖွဲ့ ၏ အဆင့်အမြင့်ဆုံး ဦးစီးရုံးမှာ "ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး" ဖြစ်သည်။ ခန့်အပ်သော အမြင့်ဆုံးရာထူးမှာ "ဆက်သွယ်ရေးညွှန်ကြားရေးမှူး" ဖြစ်ပြီး အဆင့်မှာ ဗိုလ်ချုပ် ဖြစ်သည်။ ဆက်သွယ်ရေးတပ်ဖွဲ့အား အောက်ပါတပ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည် -
ဆက်သွယ်ရေးတပ်ရင်းများ
အဆင့်မြင့်ဆက်သွယ်မှု တပ်ရင်းများ
ဆက်သွယ်ရေး အလုပ်ရုံများ
ဆက်သွယ်ရေးညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူများ
ကိုးကား
နောက်ထပ်ကြည့်ရန် |
Portal di Ensiklopedia Dunia