ယွန်းပညာကောလိပ် (ပုဂံ)
ယွန်းပညာကောလိပ် (ပုဂံ) (အင်္ဂလိပ်: Lacquerware Technology College) သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ယွန်းပညာဆိုင်ရာ ကောလိပ်တစ်ခုဖြစ်သည်။ယွန်းကောလိပ်ဟုလည်း သိကြသည်။မြန်မာနိုင်ငံတွင် ယွန်းအတတ်ပညာသင်ကြားပေးနေသော တစ်ခုတည်းသော အစိုးရကောလိပ်ဖြစ်သည်။သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန လက်အောက်တွင် တည်ရှိသည်။[၁] ![]() သမိုင်းကြောင်းယွန်းကောလိပ်ကို ၁၉၂၄ခုနှစ်တွင် ယွန်းလုပ်ငန်း အတတ်သင်ကျောင်း၊ ၁၉၉၅ခုနှစ်တွင် မြန်မာ့ယွန်းသိပ္ပံ၊ ၂၀၀၃ခုနှစ်တွင် ယွန်းပညာကောလိပ်အဖြစ် အဆင့်အဆင့် ဖွင့်လှစ်ခဲ့သည်။ယခင်က သမဝါယမ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်များတွင် တည်ရှိခဲ့ပြီး ၂၀၂၁ခုနှစ် ဇွန်လမှစ၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်သို့ ရောက်ရှိခဲ့သည်။[၁][၂] တည်နေရာယွန်းကောလိပ်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ဗူးဘုရား၏ အရှေ့ဘက်တွင် တည်ရှိသည်။ သင်တန်းများယွန်းကောလိပ်တွင် ယွန်းအတတ်ပညာ (၁)နှစ် ဒီပလိုမာသင်တန်း၊ ယွန်းအတတ်ပညာ (၂)နှစ် ဒီပလိုမာသင်တန်း၊ အထက်တန်းယွန်းပညာသင်တန်းများ ဖွင့်လှစ်ထားသည်။(၂)နှစ် ဒီပလိုမာသင်တန်းတွင် သမဝါယမ ပေါင်းကူးသင်တန်းများပါ ဖွင့်လှစ်ထားရှိသည်။ထိုသင်တန်းများအောင်မြင်ပြီး အဆင့်မီပါက သမဝါယမတက္ကသိုလ်များတွင် ဆက်လက် တက်ရောက်နိုင်သည်။[၃] ဘာသာရပ်များယွန်းဘာသာရပ်
သမဝါယမ ပေါင်းကူးဘာသာရပ်
ပြတိုက်နှင့်ခန်းမယွန်းပြတိုက်ကောလိပ်အတွင်းရှိ ယွန်းပြတိုက်တွင် ပုဂံခေတ်မှစ၍ ခေတ်အဆက်ဆက် အသုံးပြုခဲ့သော ယွန်းထည်ပစ္စည်းများကို ပြည်သူများ လေ့လာနိုင်ရန် ဖွင့်လှစ်ထားရှိသည်။ယွန်းပြတိုက်ကို ၁၉၇၂-၇၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ယခင်ကယွန်းပြတိုက် အဆောက်အဦးသည် သံကူကွန်ကရစ်တစ်ထပ် အဆောက်အဦးဖြစ်သည်။ ရှေးဟောင်းယွန်းပစ္စည်းများပိုမိုစုဆောင်းလာနိုင်သည့်အတွက် ကဏ္ဍအလိုက် ခွဲခြားပြသရန် သံကူကွန်ကရစ်(၂)ထပ် အဆောက်အဦးအား ပြတိုက်အဖြစ်မွမ်းမံ၍၂၀၁၆ ခုနှစ် ဇွန်လ ၁ရက် နေ့တွင် မူလအဆောက်အဦးမှ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။[၄] ယွန်းနည်းစဉ်ခန်းမယွန်းနည်းစဉ်ခန်းမမှာ ကောလိပ်အတွင်းရှိ ယွန်းထည်ပစ္စည်းထုတ်လုပ်မှု အဆင့်ဆင့်ကို အများပြည်သူ လေ့လာနိုင်သော နေရာဖြစ်သည်။အခြေခံ ဝါးကို စတင်ပြုလုပ်ပုံမှစ၍ နောက်ဆုံးအဆင့်အထိ လေ့လာနိုင်သောနေရာဖြစ်သည်။[၅] ကိုးကား
|
Portal di Ensiklopedia Dunia